ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်၊ မင်းသန်းရွာတွင် ကွမ်းခြံလုပ်သားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီး

Dawei Watch

August 16, 2025

မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင် အလုပ်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် မဇောကျေးရွာနှင့် ပသောင်းကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင်အလုပ်လုပ်နေစဉ် ရွာရှိပျူစောထီးများနှင့် အနီးဝန်းကျင်ရှိ စလွန်းကျေးရွာမှ ရပ်ကျေးစာရေးက လာရောက်ဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ အဖမ်းခံရသူနှစ်ဦး၏ မိသားစုများက အဖမ်းခံရသည်ကို သိရသည်နှင့်တပြိုင်နက် စလွန်းကျေးရွာ ရပ်ကျေးစာရေး ဦးဆန်းဝင်းကို သွားရောက်မေးမြန်းစုံစမ်းရာ စစ်မှုထမ်းရန်အတွက် မြိတ်မြို့သို့ ပို့ဆောင်လိုက်သည်ဟု ပြောဆိုကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “သွားတောင်း(တွေ့ခွင့်)တွေ့တာ တွေ့မရပြီ။ မြိတ်ပို့လိုက်ပြီ။ စစ်မှုထမ်းပါပြီလို့ ပြောလိုက်တယ်။ သူတို့ကို လိုက်ခေါ်ပေးလည်း မရပြီ။ ကြီးပြား(ငွေ)နဲ့ လိုက်ထုတ်ပေးလည်း မရပြီလို့ […]

ကျွန်းစု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ် ဒုတိယအကြိမ်ဝင်တိုက်

Dawei Watch

August 14, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျွေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ သိမ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့် ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ‌) က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၃ရက် ညနေ ၃ နာရီခန့်တွင် အဆိုပါစခန်းကို ကျွန်းစု ပကဖ က ဝင်ရောက်တိုက်ခိုက်ရာ ပဲ့တိုင်ကျေးရွာ အရှေ့ဘက် ပင်လယ်ပြင်ရှိ စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါစခန်းအား ယခုဝင်ရောက်တိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၃ ရက်ကလည်း ပထမအကြိမ်‌ အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု ပကဖ ထံမှ သိရသည်။ “အရင်တစ်ခါ သွားပစ်တုန်းကလည်း အထိအခိုက်ပဲရှိတယ်။ ပျူစောထီးတွေ ကျ (သေ)ဆုံးတာမျိုးတော့ မရှိဘူး။ ဘန်ကာက သူတို့အတွက် နည်းနည်းလုံခြုံစိတ်ချရတယ်ထင်တယ်။ ဒီတစ်ကြိမ်လည်း အထိအခိုက်ရှိနိုင်တယ်ဗျ။ […]

တနင်္သာရီ ကျေးရွာလေးရွာက စစ်ရှောင် ၃၀၀၀ ကျော် အမိုးအကာနှင့် ရိက္ခာလိုအပ်

Dawei Watch

August 13, 2025

တနင်္သာရီမြို့နယ် ရမ်းဖိုရွာအနီးဝန်းကျင်နှင့် သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင် တပ်သားတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူများ ‌စစ်‌ဘေးရှောင်နေရပြီး အမိုးအကာနှင့် ရိက္ခာလိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ကစကာ သစ်ပင်ခြောက်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါတိုက်ပွဲကြောင့် လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာရှိ ပြည်သူများ တိုက်ပွဲဖြစ်ချိန်မှ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ပြောသည်။ လယ်တောင်ယာရွာမှ ပြည်သူ ၁၉၀၀ နီးပါးနှင့် တမုတ်ချုံးရွာမှ ၉၀၀ နီးပါး စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့၏ စာရင်းအရ သိရသည်။ ဩဂုတ်လ ၄ ရက်နေ့တွင်မူ စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာနှင့် အနီးဝန်းကျင်ကို […]

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုး၍ တနင်္သာရီ သိန်ခွန်းရွာတွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်

Dawei Watch

August 13, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်ရင်း လေးခုပေါင်းပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်များ ထံမှသိရသည်။ သိန်ခွန်းရွာဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌‌ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သားများ အထိနာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဆိုသည်။ စစ်အာဏာရှင်တပ်၏ ခြေလျင်တပ်ရင်းများဖြစ်သည့် ၂၆၂ ၊ ၂၆၇၊ ၂၈၀၊ ၁၀၃ တပ်တို့ ပူးပေါင်းပြီး သိန်ခွန်းရွာ ဝန်းကျင်ကို စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်က ထိခိုက်မှုများသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သိန်ခွန်းရွာကို ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး […]

မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

August 13, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ပလမြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေယာဉ်က ပတ်သွားတာက သုံးခေါက်။ လေယာဉ်က တော်တော်မြင့်တယ်။ ဦးဆုံး(ပထမ)တစ်ခေါက်က ဗုံး လေးလုံး ချသွားတယ်။ နောက်တစ်ခေါက် သေနတ်နဲ့ပစ်တယ်။ နောက်တစ်ခေါက်ရောပေါ့။ မြို့ပေါ်နေရာတချို့ကို ကြဲသွားတယ်” ဟု ပလ မြို့ခံတစ်ဦးက ပြောသည်။ ထိုသို့ ဗုံးမကြဲမီက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်အာဏာရှင်တပ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ […]

စစ်အာဏာရှင်တပ် ဖမ်းဆီးမှုကြောင့် ကျွန်းစုရှိ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်စပြု

Dawei Watch

August 12, 2025

ကျွန်းစုမြို့နယ်အတွင်းရှိ မဲတောကျေးရွာအုပ်စုနှင့် ကော်ဇယာကျေးရွာအုပ်စုတို့တွင် စစ်အာဏာရှင်တပ်က ဆန်၊ ဆီနှင့် စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားပြီး စစ်ဆေးဖမ်းဆီးမှုကြောင့် ပြတ်လပ်စပြုနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လဆန်းပိုင်းကစပြီး မြိတ်နှင့် ဘုတ်ပြင်းမြို့များမှ အဆိုပါဒေသကိုပြေးဆွဲနေသည့် အမြန်ရေယာဉ်‌နှင့် စက်လှေများ အပေါ် ဆန်၊ ဆီနှင့် စက်သုံးဆီ တင်ဆောင်လာခြင်း ရှိ မရှိကို စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောများက တင်းတင်း ကျပ်ကျပ် စစ်ဆေးနေကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောများလှည့်ပတ်သွားလာနေပြီး ခရီးသည်တင် စက်လှေကြီးများနှင့် အမြန်ယာဉ်ရေယာဉ်များကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ တင်သွင်းခွင့်ပိတ်ထားသည့်အတွက် အထက်ပါကျေးရွာအုပ်စုများတွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “(ရွာမှာ ဆန်ဝယ်လို့မရတာ) တစ်ပတ်လောက်ရှိပြီ။ ဈေးတွေတော့ […]

ရက်နှစ်ဆယ်နီးပါးပိတ်ထားသည့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်း ပြန်ဖွင့်

Dawei Watch

August 11, 2025

တိုက်ပွဲများကြောင့် ရက်နှစ်ဆယ်နီးပါးအကြာပိတ်ထားသည့် မြိတ်- ပုလော ပြည်ထောင်စုကားလမ်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် အသုံးပြုသွားလာခွင့်ပိတ်ခဲ့သည့် အဆိုပါလမ်းပိုင်းကို ဩဂုတ်လ ၁၂ ရက် ကစပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလမ်းပိုင်းရှိ ပလမြို့နှင့်အနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲဖြစ်ကာ အရပ်သား ဒါဇင်ချီသေဆုံးခဲ့သည်။ ထိုကြောင့် ယင်းလမ်းပိုင်းအသုံးပြုသွားလာခြင်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၉ ရက်နေ့အတွင်း ပလမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မြိတ်-ပုလောကားလမ်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ “လမ်းကတော့ ဖြတ်လို့ရပါပြီ။ […]

တနင်္သာရီ တမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ယနေ့တိုက်ပွဲဖြစ်

Dawei Watch

August 10, 2025

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၀ရက် နံနက် ၉နာရီဝန်းကျင်တွင် တမုတ်ချုံးရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူတို့ဘက်ကနေ စစ်ကြောင်းထိုးနေတာ ၃ ရက်ရှိပြီ။ တိုက်ပွဲက တအားကြမ်းနေတယ်လို့ ပြောတယ်။ ရဲဘော်တွေတော့ ဒဏ်ရာရထားသူရှိတယ်။ တိုက်ပွဲက အခုအထိဖြစ်နေတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ညနေ ၃နာရီဝန်းကျင်တွင် ပြောသည်။ စစ်ကြောင်းထိုးနေသည့် ၃ ရက်တာကာလအတွင်း ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ တမုတ်ချုံးရွာတွင် စစ်ဆေးရေးဂိတ်ချပြီး တပ်စွဲနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ဩဂုတ်လ ၄ ရက်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ […]