ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော၊ သင်္ကန်းတောရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ သင်္ကန်းတောရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့်‌ တော်လှန်ရေးတပ်များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၈ရက် ၁၀နာရီဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီခွဲတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သင်္ကန်းတောကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ပွိုင့်ဖိုက်နဲ့ပါ ပစ်သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီဝန်းကျင်အထိဖြစ်ပွားကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ဗုံးတစ်ကြိမ်ကြဲပြီး ပြန်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ ပလမြို့ဝန်းကျင်နှင့် မင်းပြင်ရွာတို့ဘက်သို့ […]

စစ်အာဏာရှင်တပ်က ကွမ်းသီးခြောက်တင်လာသည့် ကားနှစ်စီးကို ဖမ်းဆီးလိုက်၍ ကွမ်းသီးဝယ်သူနည်းလာ

Dawei Watch

February 18, 2026

ကွမ်းသီးခြောက်တင်ဆောင်သွားသည့် ကားနှစ်စီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ကွမ်းသီးခြောက်အဝယ်နည်းလာကာ စျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များကို မြိတ်မြို့သို့ ပို့ဆောင်ရန် တင်ဆောင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဇဝဲကျေးရွာအုပ်စုရှိ ရွာသုံးရွာတွင် ဝယ်ယူသူနည်းပါးသွားကာ စျေးနှုန်းလည်း ကျဆင်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဇဝဲကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာ၊ ဆင်ဒင်ရွာနှင့် ဇဝဲရွာတို့တွင် ကွမ်းသီးခြောက် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ “ကွမ်းသီးတွေကို ကားသမားတွေကလည်း တင်ဆောင်ဖို့ မရဲတရဲ ဖြစ်နေကြတယ်။ ဖမ်းခံရတဲ့ကားကလည်း တကူဘက်က ကွမ်းသီးတွေ တင်လာတာမို့လို့ ဖမ်းတယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက […]

ပုလော မင်းပြင်ရွာတွင် သရက်သီးသွားကောက်စဉ် ရွာသားနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် ရွာသားသုံးဦး သရက်သီးသွားကောက်စဥ် လမ်းတွင် မိုင်းနင်းမိပြီး နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၄ရက်တွင် မင်းပြင်ရွာအနီးတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံသုံးဦးသည် ရွာတွင် သရက်သီး သွားကောက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ မရခဲ့ကြောင်း ၎င်းက ဆိုသည်။ “အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းတယ်။ တစ်ဦးက ဒဏ်ရာနည်းတယ်။ ခြေတွေမှာ ထိသွားကြတယ်။ နီးစပ်ရာ ဆေးခန်းကို ပို့ပေးလိုက်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ပလမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက စစ်အာဏာရှင်တပ်သည် မကြာခဏသလို မင်းပြင်ရွာတွင် ဝင်‌ရောက်တပ်စွဲလေ့ ရှိပြီး တစ်ကြိမ်တပ်စွဲလျှင် […]

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဖြတ်ပိုင်းဖြင့်အလှူခံမှု ဝေဖန်ခံရ၊ နားလည်မှုလွဲခြင်းဟု တက္ကသိုလ်ဘက်ကပြော

Dawei Watch

February 17, 2026

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ယာဥ်ဝင်ခွင့်လက်မှတ်နှင့်အတူ မြို့ခံ ပရဟိတအသင်းတစ်ခု၏ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်းအပေါ် ဘွဲ့ယူလာသူများနှင့် ကျောင်းသားကျောင်းသူများအကြား ဝေဖန်မှုရှိခဲ့သည်။ ၁၆ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။ “ထိပ်မှာ (အဝင်ပေါက်) က တစ်ခါကောက်တယ်။ ကားထားတဲ့နေရာမှာက တစ်ခါကကောက်တယ်။ သဒ္ဓါ (ပရဟိတအဖွဲ့) က ကောက်တယ်လို့ ပြောတယ်” ဟု ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဘွဲ့နှင်းသဘင်တက်ခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။ ဘွဲ့နှင်းသဘင်တွင် ပရဟိတအဖွဲ့က ဖြတ်ပိုင်းပေးပြီး အလှူငွေ ကောက်ခံခြင်းသည် မသက်ဆိုင် မဆီလျော်ကြောင်း လူမှုကွန်ရက်တွင် ဘွဲ့ယူကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံအချို့က ဝေဖန်ကြသည်။ အလှူငွေကောက်ခံမှုနှင့်ပတ်သက် ဝေဖန်မှုများရှိနေသည့်အပေါ် သဒ္ဓါပရဟိတအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ တက္ကသိုလ်ဘက်သို့သာ မေးမြန်းရန် ပြောဆိုခဲ့သည်။ […]

ပလမြို့ ဇရပ်ဆိပ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းကြောင့် သေဆုံး

Dawei Watch

February 17, 2026

ပုလောမြို့နယ်၊ ပလမြို့၊ ဇရပ်ဆိပ်ကျေးရွာက ဇနီးမောင်နှံနှစ်ဦး ဓနိဖက်ခုတ်ရန်သွားစဥ် လမ်းတွင် မြေမြှုပ်မိုင်းကြောင့် ‌သေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်များထံမှ သိရသည်။ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် နေရာဘက်သို့ အဆိုပါဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၃ ရက်က ဓနိဖက်ခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးကြောင်း ၎င်းတို့က ပြောသည်။ မြေမြှုပ်မိုင်း မည်ကဲ့သို့ ပေါက်ကွဲခဲ့သည်ကိုမူ တိတိကျကျ မသိရကြောင်း ဒေသခံများက ဆိုသည်။ အသက် ၄၀ ဝန်းကျင်အရွယ် အဆိုပါဇနီးမောင်နှံနှစ်ဦးကို ရွာအနီးရှိ ဆေးခန်းသို့ ပို့ဆောင်ချိန် အမျိုးသားဖြစ်သူမှာ လမ်းတွင် သေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဆေးခန်းတွင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သားနှင့် တော်လှန်ရေးတပ်များသည် ယခုမိုင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးဝန်းကျင်တွင် ရှိကြကြောင်း မြိတ်ခရိုင် အမှတ်၁ တပ်ရင်း […]

တနင်္သာရီ လယ်သစ်ရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

February 16, 2026

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်တွင် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာ လယ်သစ်ရွာအနောက်ဘက် ဥယျာဥ်ကမ်းသို့ ကျရောက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “၅ပတ်‌လောက် (လေယာဥ်) လာဝဲပြီးတာနဲ့ ကြဲပြီ။ (တိုက်ပွဲ) ပွဲက ဖြစ်လိုက်နားလိုက်ပဲ။ ဒီနေ့တော့ မဖြစ်သေးဘူး။ (ဗုံးကြဲတာကြောင့်) ထိခိုက်တာတော့ မသိရသေး” ဟု ၎င်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သို့သော် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ […]

တနင်္သာရီ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ် နေအိမ်များကိုမီးရှို့

Dawei Watch

February 15, 2026

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ‌ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူတို့က ပြောသည်။ မြိတ်မြို့မှ လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လယ်သစ်ရွာသို့ ဝင်ရောက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်အထိ လယ်သစ်ရွာတွင် တပ်စွဲထားဆဲဖြစ်သဖြင့် နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို ဒေသခံများ သွားရောက် မကြည့်ရှုနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘယ်လောက်လောင်သွားလဲ‌‌တော့ မသိဘူး။ အများကြီးပဲနေမယ်။ မီးခိုးတွေ အများကြီး တက်နေတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လယ်သစ်ရွာ အနောက်ကမ်းတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ ကျေးရွာမှ […]

ကွမ်းသီးခြောက်တင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်ဂိတ်က ဖမ်းဆီး၊ လေးရက်ကြာအထိ ပြန်မလွတ်

Dawei Watch

February 14, 2026

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များတင်ဆောင်လာသည့် ကားနှစ်စီးကို မြိတ်မြို့နယ်၊ ကြေးနန်းတိုင် တံတားဂိတ်မှ စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် ဇဝဲကျေးရွာမှ မြိတ်မြို့သို့ ကွမ်းသီးခြောက်များတင်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လေးရက်ကြာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းအထိ ကားနှစ်စီးနှင့် အမျိုးသားသုံးဦးတို့ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မိသားစုတွေနဲ့လည်း တွေ့ခွင့် မပေးဘူး။ ဘယ်နေရာကို ခေါ်သွားလည်း မသိရဘူး။ (ကားမှာက) ကွမ်းသီးခြောက်တွေပဲ တင်သွားတယ်”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။ ဖမ်းဆီးခံရသည့် ကားနှစ်စီးသည် ဇဝဲကျေးရွာက ကားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကားနှစ်စီးလုံး ပြန်မလွတ်သေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကွမ်းသီးရောင်းဝယ်သူများကိုလည်း ဇဝဲ‌ကျေးရွာအုပ်စု ဆန်းသစ်ရွာတွင် […]