တနင်္သာရီ ဘန်းလမွတ်ရွာရှိ ကွမ်းခြံပိုင်ရှင်များ သူခိုးရန်ကြောင့် အခက်တွေ့
Dawei Watch
July 19, 2025တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း ကွမ်းသီးသူခိုးများကြောင့် အခက်ကြုံနေရကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။ ကွမ်းခြံများအတွင်း စစ်ကောင်စီတပ်သားများရှိနေသဖြင့် ခြံရှင်များ မသွားရဲသည့်အပေါ် အခွင့်ကောင်းယူပြီး သူခိုးများက ကွမ်းသီးနုဝင်ခိုးနေကြကြောင်း ဘန်းလမွတ်ရွာခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ “အခက်အခဲကတော့ သူခိုးတွေ တော်တော်ပေါတယ်။ စကစ ရှိနေတော့ ဥယျာဉ်ရှင်တွေက သွားမကောက်ရဲတော့ အဲဒါကို အခွင့်ကောင်းယူပြီး ဝင်ခိုးတာမျိုးပါ” ဟု ၎င်းက ပြောသည်။ ထို့အပြင် လမ်းသွားလမ်းလာအချို့၊ ဘေးတွဲဆိုင်ကယ်အချို့နှင့် ကွမ်းသီးလိုက်ဝယ်သူအချို့က ဝင်ခူးသွားကြသလို စစ်ကောင်စီတပ်သားများလည်း ခူးသွားလေ့ရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် အခြားတစ်ဦးက ပြောဆိုသည်။ “အဆိုးဆုံးက ဘေးတွဲတွေနဲ့ ကွမ်းသီးလိုက်ဝယ်သမားတွေပဲ။ သူတို့က လမ်းနံဘေးက ဥယျာဉ်တွေဆို ပိုင်ရှင်မရှိရင် ကောက် (ခူး) သွားကြတယ်။ သူခိုးတွေကောက်ပြီးအကျန်ပဲ ကောက်ရတော့ ဥယျာဉ်ပဲရှိပြီး ကွမ်းသီးဖိုး မရတော့ဘူး” ဟု […]


