ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကုန်ပစ္စည်း ပိတ်ဆို့မှုကြောင့် တနင်္သာရီက ကျေးရွာအချို့ အမျိုးသမီးလစဉ်သုံး ရှားပါးပြီးစျေးတက်

Dawei Watch

September 5, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း အမျိုးသမီး လစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးတက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ယခုနှစ် မတ်လကစပြီး တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများကို စစ်အာဏာရှင်တပ်က ကုန်စည်တင်သွင်းခွင့် ပိတ်ထားပြီးနောက် အမျိုးသမီးလစဉ်သုံး ပစ္စည်းရှားပါးလာကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများသယ်ယူရာတွင် နည်းလမ်းမျိုးစုံသုံးကာ အဆင့်ဆင့် သယ်ဆောင်နေရသဖြင့် စျေးတက်လာကြောင်း သဘော့လိပ်ရွာရှိ ကုန်စုံရောင်းသူတစ်ဦးက ပြောဆိုသည်။ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေကြရသည့် ထုံမခါရွာ၊ ညောင်ပင်ကွင်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာ စုစုပေါင်း ကျေးရွာငါးရွာက စစ်ဘေးရှောင်အမျိုးသမီးများသည် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို သဘော့လိပ်နှင့် တကူရွာတို့တွင် သွားရောက်ဝယ်ယူသုံးစွဲရကြောင်း အဆိုပါစစ်ဘေးရှောင်များထံမှ သိရသည်။ ကုန်ပစ္စည်းတင်သွင်းခွင့် မကန့်သတ်မီက သဘော့လိပ်ရွာတွင် Pinky အမျိုးအစား […]

မြိတ်တွင် ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရ၊ ကုန်စိမ်းပြတ်သဖြင့် အသုပ်ဆိုင် မုန့်ဆိုင်အချို့ရပ်နား

Dawei Watch

September 4, 2025

မြိတ်မြို့တွင် ငရုတ်သီး ၁၀တောင့်လျှင် ကျပ်တစ်ထောင်၊ ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်အထိ ဈေးမြောက်နေပြီး ကုန်စိမ်းအချို့ ပြတ်လပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွား နေသဖြင့် ဩဂုတ်လ ၂၆ ရက်ကစပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဘက်မှ တင်သွင်းသည့် ကုန်စိမ်းများ ပြတ်လပ်လာပြီး တဖြည်းဖြည်းဈေးတက်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက်တွင် မြိတ်မြို့ရှိ ဈေးဆိုင်များတွင် ငရုတ်သီး ၁၀ တောင့်လျှင် ကျပ် တစ်ထောင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ငရုတ်သီးလည်း ဈေးတက်၊ ဂေါ်ဖီထုပ်လည်းဈေးတက်။ တချို့ အသုပ်ဆိုင်ငယ်လေးတွေဆို ပိတ်ထားကြရတဲ့အထိပဲ” […]

တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲ

Dawei Watch

September 3, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တော်လှန်ရေးများတပ်နှင့် တိုက်ပွဲဖြစ်ပွားနေရာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် တစ်ရက်အတွင်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ စက်တင်ဘာလ ၁ ရက် ညနေ ၃ နာရီခွဲကျော်တွင် တိုက်ပွဲဖြစ်နေသည့်ဧရိယာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး လာကြဲပြီး ညနေ ၄ နာရီခန့်တွင်လည်း ဗုံးတစ်လုံးထပ်လာကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လာကြဲတာက သုံးလုံးလာကြဲတယ်။ သုံးလုံးမှာ တစ်လုံးက သူ(စစ်အာဏာရှင်တပ်)တို့ နေရာယူထားတဲ့ ဧရိယာအတွင်းကျတယ်။ နှစ်လုံးက တောထဲမှာပဲ ကျတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ဗုံးကြဲရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက်တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးချတိုက်ခိုက်ခဲ့ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် […]

တနင်္သာရီ သိန်ခွန်းရွာတွင် လေးရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

September 2, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မောတောင်မြို့လမ်းရှိ သိန်ခွန်းရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ လေးရက်ဆက် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။ သိန်ခွန်းရွာ ရှေ့တန်းစခန်းသို့ စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းထပ်ထိုးလာသဖြင့် ဩဂုတ်လ ၂၉ ရက်မှစကာ စက်တင်ဘာလ ၁ ရက်အထိ တိုက်ပွဲဖြစ်ပွားကြောင်း အဆိုပါ နီးစပ်သူအချို့က ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းက တော်လှန်ရေးတပ်များရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် လေးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းတွေမှာ ဗုံးသီးတွေက ၈၁ (လက်နက်ကြီးကျည်) တွေအထိ သုံးလာတယ်။ နေ့ကြည့် ညကြည့်တွေ သုံးလာတယ်။ စစ်ကောင်စီဘက်က ရှေ့တိုးလာလိုက် အထိနာရင် ပြန်ဆုတ်လိုက်ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် […]

ပုလော ဇရပ်ဆိပ်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းဆောင်များပျက်စီး

Dawei Watch

August 29, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းရှိ အဆောက်အအုံ သုံးဆောင်ပျက်စီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဩဂုတ် ၂၉ရက် မွန်းလွဲ ၁နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဇရပ်ဆိပ်ရွာကို ဗုံးကြဲခြင်းဖြစ်ပြီး ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် အခြားကျောင်းဆောင်တစ်ဆောင် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဆောင် သုံးဆောင်က လုံးဝပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းကြီးမှာက နည်းနည်းပါးပါး အစ စင်သွားတယ်။ နံရံတွေမှာ အပေါက်တွေလည်း ဖြစ်ကုန်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဇရပ်ဆိပ်ရွာတွင် လူအနည်းငယ်သာ နေထိုင်ကြပြီး ကျန်သည့်ဒေသခံများမှာ စစ်ဘေးရှောင်နေကြသဖြင့် ရွာသား ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လာကြဲတာက ပေါင် ၃၀၀ […]

ပုလော၊ ကျောက္ကာရွာ မီးလောင်မှု နေအိမ် ၄ ဆောင်ပျက်စီး

Dawei Watch

August 29, 2025

ပုလောမြို့နယ် ကျောက္ကာကျေးရွာ ရာဇဂြိုလ်ကမ်းတွင် ယနေ့(ဩဂုတ် ၂၉ရက်) မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရာဇဂြိုလ်ကမ်း ရေခဲစက်အနီးရှိ (ဒေသအခေါ်) ကျွန်းသာယာကမ်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဓာတ်ဆီရောင်းတဲ့အိမ်က ရှော့(လျှပ်စစ်)ဖြစ်ပြီးလောင်တာ။ ပင်လယ်ဘက်ဆိုတော့ မီးသတ်မရှိဘူး”ဟု အဆိုပါအမျိုးသမီးက ပြောသည်။ အဆိုပါမီးလောင်မှုကို ရွာခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မီးလောင်မှုက ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျဉ်ထောင်အိမ်အမျိုးအစား အိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားပြီး လူထိခိုက်ခြင်းမရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်ကလည်း ကျောက္ကာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ဖူးသည်။

မြိတ် လသာရွာတွင် ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့

Dawei Watch

August 28, 2025

မြိတ်မြို့နယ်၊ လသာကျေးရွာရှိ ပြည်ထောင်စုလမ်းပေါ်တွင် ကော့သောင်းမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် ကုန်ကား တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးကြောင်း ‌ဒေသခံအချို့၊ ကားပိုင်ရှင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဩဂုတ် ၂၆ရက် ညနေ ၄နာရီခန့်တွင် ဆိုင်ကယ်အသစ်ရှစ်စီးနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ခြောက်ဘီးတပ် ကုန်တင်မှန်လုံကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးပြီးမီးရှို့ကြောင်း ‌ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရွှေသာရီယာဉ်လိုင်းက ကားနှစ်စီး မောင်းနှင်လာချိန် ပထမဆုံး ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစစ်ဆေးခဲ့ပြီးနောက် အနီးဝန်းကျင်တွင် ရပ်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။ ရွှေသာရီယာဉ်လိုင်းက ဒုတိယ ကားတစ်စီး ထပ်မံရောက်ရှိလာချိန်တွင် စစ်ဆေးပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ကားပေါ်လိုက်ပါလာသူ သုံးဦးကို ကားပေါ်က ဆင်းခိုင်းကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ အဆိုပါ ယာဉ်မောင်း၊ […]

အိမ်ချိပ်ပိတ်ခံထားရသော ဒလန်ဆိုသူများ၏ ဥယျာဥ်နှင့်ရော်ဘာခြံများကိုပါ ထပ်မံချိပ်ပိတ်

Dawei Watch

August 27, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ စစ်အာဏာရှင်တပ် သတင်းပေးဆိုသူများ၏ နေအိမ်များကို မြိတ်ခရိုင်တပ်ရင်း ၂ က ချိပ်ပိတ်ပြီးနောက် ဥယျာဥ်ခြံနှင့် ‌ရော်ဘာခြံများကိုလည်း ‌ဆေးနီသုတ်ပြီးစာကပ်ကာ ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပဝရွာရှိ စစ်အာဏာရှင်သတင်းပေးဟုဆိုသူ ဦးမြင့်ဌေးနှင့် ဦးကြည်ဟုန်တို့၏ ရော်ဘာခြံနှင့်ဥယျာဥ်ခြံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ပဝရွာရှိ ဦးမြင့်ဌေး၊ ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို မြိတ်ခရိုင်တပ်ရင်း- ၂က ချိပ်ပိတ်ခဲ့ပြီး နောက်တစ်ရက်တွင် ဦးမြင့်ဌေး၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုထားသည်။ ထိုနောက် ဩဂုတ်လ […]