ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ်က မြိတ်မြို့မှ နာရေးအိမ်ကိုဝင်စီးပြီး အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီး

Dawei Watch

September 11, 2025

မြိတ်မြို့ ရေနံမြေရပ်ကွက်ရှိ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီး အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူ မိသားစုဝင်များထံမှ သိရသည်။ စက်တင်ဘာ ၈ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရေနံမြေရပ်ကွက်၊ အိုးလုပ်ပြင်ကမ်းရှိ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများက ကားနှစ်စီးဖြင့်ရောက်လာပြီး အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ဆိုသည်။ အဆိုပါ နာရေးအိမ်က တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနေသူများနှင့်နီးစပ်သည့်အတွက် အဖမ်းခံရသူ အားလုံးနီးပါးကလည်း နာရေးအိမ်သို့လာသည့် အဆိုပါကျေးရွာသွားများဖြစ်ကြောင်း မြို့ခံများက ပြောသည်။ “ကားတွေနဲ့ဝင်လာပြီးတော့ လမ်းပိတ်လိုက်တယ်။ ရပ်ကွက်သားတွေကိုတော့ တစ်စု စုလိုက်တယ်။ ရွာဘက်ကသူတွေကိုကျတော့ ဓာတ်ပုံနဲ့တကွလာတယ်။ အားလုံးဘယ်နှစ်ယောက်မသိဘူး သူတို့ (စစ်အာဏာရှင်တပ်)က ခေါ်ဆောင်သွားတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ်ဘက် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်းပါလာခဲ့ပြီး […]

ကျွန်းစုပင်လယ်ပြင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်

Dawei Watch

September 11, 2025

ကျွန်းစုမြို့နယ် မိုင်းတွေးကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်အာဏာရှင်ရေတပ် စစ်သင်္ဘောနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ‌ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာလ ၉ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောနှင့် အင်အား ၂၀ ခန့်ပါ ပျူစောထီးစက်လှေနှင့် ကျွန်းစုပကဖတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ကျွန်းစုမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “စကစဘက်က ထိခိုက်မှုကတော့ တစ်ယောက်မြစ်ထဲကြပြီး သေတယ်။ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့တော့ကြားထားရတယ်။ အသေးစိတ်‌တော့ အတိအကျမသိရသေးဘူး”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တော်လှန်ရေးတပ်များဘက်ကမူ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ် စစ်သင်္ဘောနှင့် ပျူစောထီးလှေက မောင်းပြေးသွားကြောင်း ၎င်းက […]

မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှု ပိုမိုဆိုးဝါးလာဟု မြို့ခံများပြော

Dawei Watch

September 10, 2025

မြိတ်မြို့တွင် ငါးအမှုန့်ကြိတ်စက်ရုံများက အနံ့ဆိုးထွက်ရှိမှု ပိုမိုဆိုးဝါးလာပြီး တစ်မြို့လုံးနီးပါးတွင် တစ်ရက်လုံးနီးပါး နံနေကြောင်း မြို့ခံများထံမှ သိရသည်။ ၂၀၂၃ ခုနှစ်‌ဝန်းကျင်က ငါးအမှုန့်ကြိတ်စက်များက ထွက်သည့် အနံ့ဆိုးများမှာ အချိန်ပိုင်းသာ နံသော်လည်း လက်ရှိအချိန်တွင် တစ်ရက်လုံးနီးပါး အနံ့ရကာ တစ်မြို့လုံးအနှံ့ နံနေကြောင်း မြို့ခံအချို့က ဆိုသည်။ “အဲဒီစက်ရုံ‌တွေနဲ့ဝေးတဲ့ ရပ်ကွက်တွေအထိ နံတာ။ အဲဒီအနံ့ရပြီး လူက နေမကောင်း ဖြစ်ချင်သလိုဖြစ်ပြီး ရင်တွေ ပြည့်တယ်။ အသက်ရှူလည်း မဝဘူး။ အခုရက်ပိုင်းတွေ အနံ့က ပိုဆိုးလာတယ်” ဟု မြိတ်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်က အဆိုပါငါးအမှုန့်ကြိတ်စက်ရုံများနှင့်နီးသည့် တိုးချဲ့မြို့သစ်၊ အင်းလေးမြိုင်ရပ်ကွက်‌ဝန်းကျင်သာ အနံ့ရသော်လည်း နောက်ပိုင်းတွင် မြိတ်မြို့လယ်‌ရှိ ရပ်ကွက်များ အပါအဝင် တစ်မြို့လုံးနီးပါး အနံ့ရနေကြောင်း ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ရိက္ခာပို့ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်

Dawei Watch

September 9, 2025

စစ်အာဏာရှင်တပ်၏ ရိက္ခာပို့ယာဉ်တန်းကို တော်လှန်ရေးတပ်များက တနင်္သာရီမြို့နယ် ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်နှင့် ထုတ်ပြန်ချက်တို့အရ သိရသည်။ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မြိတ်မြို့ မှ တနင်္သာရီမြို့သို့ သွားသည့် စစ်အာဏာရှင်တပ် ရိက္ခာပို့ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။ မြိတ်မြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ်၏ ကား ၄ စီးပါ ရိက္ခာပို့ယာဥ်တန်းကို ရမ်းဖိုရွာတံတားကြီးအရောက်တွင် တော်လှန်ရေးတပ်များက မိုင်း၁၂လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါယာဉ်တန်းတွင် စစ်အာဏာာရှင်တပ်သား ၈၀ဦး ဝန်းကျင်နှင့် ရိက္ခာများပါလာကြောင်း မြိတ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လမ်းကင်းချထားသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းက […]

ပလမြို့တွင် အရပ်သား ၂၀ကျော်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

September 9, 2025

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ပလမြို့၊ အမှတ် (၄) ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) က အမျိုးသမီးများအပါအဝင် ဒေသခံအရပ်သားများကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းက ဗုံးကြဲမှုများကြောင့် မြို့ခံအများစုက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသော်လည်း မြို့ခံအနည်းငယ်ကမူ နေအိမ်များတွင်ပင် ဆက်လက်နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။ “သူတို့(စစ်အာဏာရှင်တပ်)က အိမ်တွေကို ရိုက်ဖွင့်လိုက်လို့ အိမ်ထဲမှာရှိနေတဲ့သူ အကုန်ဖမ်းတာ။ အမေကို ဖမ်းထားပြီး […]

ထိုင်း-မြန်မာနယ်စပ်လမ်း သိန်ခွန်းရွာတွင် တစ်ရက်လုံးနီးပါးတိုက်ပွဲဖြစ်

Dawei Watch

September 9, 2025

ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး မော‌တောင်နယ်စပ်လမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တစ်ရက်လုံးနီးပါးတိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၇ရက် နံနက် ၅ နာရီဝန်းကျင်မှ ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တိုက်ပွဲက တစ်နေ့လုံး ဖြစ်လိုက်နားလိုက် ဖြစ်နေတယ်။ လေးကြိမ်လောက် ထိတွေ့မှုဖြစ်တယ်။ ထိခိုက်မှု‌တော့ နှစ်ဖက်စလုံးရှိတယ်။ ဟိုဘက်(စစ်အာဏာရှင်တပ်) က ထိုးစစ်ဆင်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က အထိနာ၍ လေယာဉ်နှစ်စင်းတစ်ကြိမ်၊ တစ်စင်းတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လာဝဲခဲ့သလို လက်နက်ကြီးဖြင့် တစ်ရက်လုံးနီးပါးပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသလို ဒဏ်ရာအနည်းငယ် ရသူများလည်းရှိကာ စစ်အာဏာရှင်တပ်ဘက်က ဗိုလ်တစ်ဦးနှင့် […]

ပုလော ထမင်းမစားရွာရှိ စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

Dawei Watch

September 8, 2025

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ စက်တင်ဘာလ ၈ရက်တွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်-ထားဝယ် ခရိုင်က ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ထမင်းမစားရွာရှိ အင်အား ၄၀ ခန့်ရှိသည့် စခန်းကို ယနေ့ နံနက် ၇နာရီတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်အာဏာရှင် တပ်သားအလောင်း သုံးလောင်းနှင့် သေနတ်တစ်လက်ရရှိပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ကရင်အမျိုးသားကာကွယ်ရေးမတော်-KNDO တပ်ရင်း (၇) တပ်ခွဲ (၅) တပ်ခွဲမှူး စောဗဟုက ပြောသည်။ “ကျန်တာကတော့ ဒဏ်ရာရတာ တော်တော်များများပဲ။ ပြီးတော့ သူတို့စခန်း ဆုတ်ခွာပြီးတော့ ထွက်ပြေးသွားတယ်။ အားလုံး အပြီးသိမ်းလိုက်ပြီ။ အားလုံးထိန်းချုပ်လိုက်ပြီ” ဟု ၎င်းက […]

ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် ပလမြို့ဧရိယာထဲက ဇာဒီရွာကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

September 6, 2025

ပလမြို့၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်ပွဲပြင်းထန်နေသည့် ဇာဒီရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လေကြောင်းကြဲတာ ဇာဒီရွာထဲပဲကျတယ်။ ရွာသားတွေက ရွာထဲမှာမရှိတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်ရှိ ရွာများတွင် ဇူလိုင်လ ၂၄ရက်မှစတင်ကာ စက်တင်ဘာလ ၅ရက်အထိ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က တစ်ရက်လျှင် လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း […]