ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် တနင်္သာရီဒေသခံ ၂၇ ဦးတွင် ၂၂ ဦးပြန်လွတ်

Dawei Watch

October 7, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှနေ၍ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဖမ်းဆီးထားသည့် ပြည်သူ ၂၇ ဦးအနက် ၂၂ ဦး ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးထားသူများအနက် ၂၂ ဦးကို အောက်တိုဘာလ ၆ ရက်ညနေပိုင်းတွင် စစ်အာဏာရှင်၏ အမှတ် ၅၅၇ တပ် ‌ခြေမြန်တပ်ရင်းမှ ဘန်းလမွတ်ကျေးရွာသို့ ကားဖြင့်တင်ဆောင်၍ ပြန်လွှတ်ပေးလိုက်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ကျန်သည့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးမှာ ပြန်မလွတ်သေးဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ “လှေထဲကနေ ဖမ်းသွားသူတွေလောက်ပဲ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လိုက်တဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေ များတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ခြံထဲက ဖမ်းသွားသူတွေ ပြန်မလွတ်သေးဘူး”ဟု အထက်ပါ‌နီးစပ်သူက ဆိုသည်။ စက်တင်ဘာ ၃ ရက်‌နေ့က […]

စစ်အာဏာရှင်တပ် ဂိတ်များကြောင့် သီတင်းကျွတ်ပိတ်ရက် ကျောင်းသားအများစု အိမ်မပြန်ကြဟုဆို

Dawei Watch

October 7, 2025

စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များ လမ်းတစ်လျှောက်တွင် ရှိနေသဖြင့် သီတင်းကျွတ်ကာလ ကျောင်းပိတ်သော်လည်း ဘုတ်ပြင်းမြို့နယ်နေ ကျောင်းသားအများစု နေရပ်မပြန်ကြကြောင်း အခြေခံကျောင်းသားများနှင့် ကားသမားအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ကျောင်းသွားတက်သည့် အခြေခံပညာကျောင်းသားများက သီတင်းကျွတ်ကာလ ကျောင်းပိတ်ချိန်ရောက်တိုင်း မိဘအုပ်ထိန်းသူများရှိရာ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအသီးသီးသို့ ပြန်ကြလေ့ရှိသည်။ အာဏာမသိမ်းမီကတည်းက ဘုတ်ပြင်းမြို့နယ်နေ အခြေခံပညာကျောင်းသားများက မြိတ်မြို့ရှိကျောင်းများတွင် သွားရောက်ပညာသင်ယူနေကြရာက နောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာသည့်အတွက် မြိတ်မြို့တွင် ကျောင်းသွားတက်သူ ပိုများလာသည်။ ယခုအချိန်တွင်မူ ကားခနှင့် လမ်းပိုင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကို ပေးရသည့် ကုန်ကျစရိတ်များလွန်းသည့်အတွက် အိမ်မပြန်သူပိုများနေကြောင်း ကျောင်းသူတစ်ဦးက ဆိုသည်။ “ကားခက (ကျပ်) ငါးသောင်းဆို လမ်းမှာပေးရတဲ့ ဂိတ်ကြေးက တစ်သိန်းနီးပါးလောက်ရှိတယ်။ အသွားအပြန်ဆိုပဲ ၃သိန်းနီးနီးကုန်ပြီလေ။ သီတင်းကျွတ်ဆိုတော့ အိမ်ကိုပြန်ချင်ကြတာပေါ့။ စရိတ်နဲ့ တွက်ကြည့်ရင် မိဘတွေကိုငဲ့ရသေးတယ်လေ။ ကျောင်းကြီးပိတ်(နွေရာသီ)မှပဲ ပြန်တော့မယ်”ဟု […]

တနင်္သာရီ ကမ်းတိုရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်

Dawei Watch

October 6, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတို‌ရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် တော်လှန်ရေးတပ်ဘက်က ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာလ ၃ရက် နံနက် ၆နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်က ကမ်းတိုရွာဘက်မှ ကမ်းတိုရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် (၃) က ရဲဘော်ဖေမြင့် သေဆုံးကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နံနက် ၆နာရီခွဲဝန်းကျင်မှ နေ့လယ် ၁၂နာရီခွဲအထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြပြီး စစ်အာဏာရှင်တပ်သားများက တိုက်ပွဲဖြစ်သည့် ဧရိယာမှ အနောက်သို့ အနည်းငယ်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အနီးကပ် ချ(တိုက်)ကြတယ်။ ရဲဘော် တစ်ယောက်ကျသွားတယ်။ သူတို့ဘက်ကလည်း အထိနာကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများနှင့် သေဆုံးသွားသည့်စစ်အာဏာရှင်တပ်သားများကို ဥယျာဥ်ခြံများထဲမှ […]

တနင်္သာရီ၊ ကမ်းတိုရွာတွင် စစ်အာဏာရှင်တပ်ဖမ်းသွားသည့် ဒေသခံ ၂၀ ဦး လေးရက်ကြာသည်အထိ ပြန်မလွတ်

Dawei Watch

October 6, 2025

တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည့် ဒေသခံ ၂၀ ဦးဝန်းကျင်မှာ လေးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၃ ရက်‌နေ့ နံနက်တွင် စစ်အာဏာရှင်တပ်သားများက ကမ်းတိုရွာ‌ဟောင်းဘက်ကို စစ်ကြောင်းထိုးချိန် ကမ်းတိုရွာဟောင်းဘက်မှ ကမ်းတိုရွာဘက် စျေးဝယ်ရန် လှေဖြင့်ကူးလာသည့် ဒေသခံ ၂၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စျေးဝယ်ရန်အတွက် ဒေသခံ ၂၀ ဝန်းကျင်က လှေဖြင့် ချောင်း(တနင်္သာရီမြစ်လက်တက်) ကိုကူးလာချိန် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက် နေ့လယ်အချိန်အထိ ပြန်မလွတ်သေးကြောင်း သိရသည်။ “လှေကနှစ်စီးလာတယ်။ တစ်စီးက လှေပေါက်နေတော့ ပြန်လွှတ်လိုက်တယ်။ လှေကြီးထဲကသူ(ဒေသခံ)တွေကို ကမ်းပေါ်တက်ခိုင်းပြီး လှေမောင်းသမားကို ဟိုဘက်ကမ်းကို လိုက်ပို့ခိုင်းတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ ဒေသခံ ၃ […]

တနင်္သာရီ ကမ်းတိုရွာဟောင်းကို စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဖြစ်၊ စစ်ဘေးရှောင်များနှင့် ရွာသားများ ထွက်ပြေးနေရ

diz_admin

October 3, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။ ကမ်းတိုရွာ ပြည်ထောင်စုလမ်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃ရက် နံနက် ၉နာရီ ၃၀မိနစ်ဝန်းကျင်တွင် ချောင်းခြားသည့် ကမ်းတိုရွာဟောင်းဘက်သို့ လှေဖြင့် ကမ်းကူးပြီး စစ်ကြောင်းထိုးလာရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ “ကမ်းကူးပြီး စစ်ကြောင်းစထိုးလာတယ်။ လှေနဲ့ တစ်ဖက်ကမ်းကို ကူးနေတဲ့ ရွာသားတွေလည်း သူတို့နဲ့တိုးပြီး ဖမ်းမိသူတွေ ရှိတယ်။ လှေတွေလည်း သိမ်းလိုက်တယ်။ ဘယ်သူတွေပါသွားလို့ တိကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားသဖြင့် ကမ်းတိုရွာဟောင်း ရွာသားများနှင့် အဆိုပါကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ ကမ်းတိုရွာဟောင်းတွင် ညောင်ပင်ကုန်းရွာ၊ ကမ်းတိုရွာနှင့် ပြင်ဝန်းရွာတို့က […]

မြိတ်မြို့နာရီစင်အနီး ဦးခေါင်းဒဏ်ရာဖြင့် လဲကျသတိမေ့နေသူ မိသားစုနှင့်အဆက်အသွယ်မရ

Dawei Watch

October 2, 2025

မြိတ်မြို၊နာရီစင်အနီး လမ်းဘေးပလက်ဖောင်းတွင် ယနေ့ (အောက်တိုဘာ ၂) မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ဦးခေါင်းကွဲဒဏ်ရာဖြင့် လဲကျသတိမေ့နေသူတစ်ဦး မိသားစုနှင့်ဆက်သွယ် မရသေးကြောင်း ချစ်ကြည်ရေးပရဟိတအဖွဲ့ထံမှ သိရသည်။ လဲကျသတိမေ့နေသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ညာဖက်မျက်ခုံးအပေါ် ပိုင်း ဦးခေါင်းကွဲဒဏ်ရာဖြင့် လဲကျကာ သတိမေ့နေခြင်းဖြစ်ကြောင်း ချစ်ကြည်ရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည် ။ “သူကခြေထောက်တစ်ဖက် ဖြတ်ထားတယ်။ မြိတ်မြိုခံတစ်ယောက်လို့တော့ သိရတယ်။ ယာဉ်တစ်မျိုးမျိုးနဲ့ တိုက်မိတာမျိုးမဟုတ်ဘူး။ သူ့ဘာသာသူ လဲကျတာလို့တော့သိရတယ်”ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူ အမျိုးသားကပြောသည်။ ဦးခေါင်းကွဲဒဏ်ရာဖြင့်လဲကျပြီး သတိမေ့နေသူအမျိုးသားမှာ ယနေ့ အ‌အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အထိ သတိမေ့နေဆဲဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ယင်းအမျိုးသားကို ချစ်ကြည်ရေးပရဟိတအသင်းမှ မြိတ်ပြည်သူဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ […]

ပုလောမြို့နယ်၊ ပလမြို့ ကို စစ်လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

October 2, 2025

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး ပိုင့်ဖိုက်စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံက သိရသည်။ ပလမြို့ပေါ်နှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင်ရွာများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေသည်မှာ နှစ်လကျော်လာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့နှင့် ဒေသခံအချို့က ပြောသည်။ တိုက်ပွဲကာလ နှစ်လခန့်အတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် အကြိမ်ရေ ၃၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ပျားက ပြောသည်။ “ဒီတစ်ပတ်ထဲမှာ လေယာဉ်နဲ့ဗုံးလာကြဲတာမရှိဘူး၊ ဒီနေ့မှလာကြဲတာ၊ ကျန်ရက်တွေမှာတုန်းက ထိတွေ့မှုပဲဖြစ်တယ်။ လေယာဉ်နဲ့ဗုံးမကြဲဘူး။ ထိခိုက်မှုတော့မရှိပါဘူး” ဟု တပ်ရင်းမှူးက ဆိုသည်။ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က မင်းပြင်ရွာဘက်ကို […]

တုံးဗျောကြီးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဖြစ်

Dawei Watch

October 2, 2025

မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ရွာဟောင်းဘက်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့က အင်အား ၄၀ ဝန်းကျင်သည် အောက်တိုဘာလ ၁ရက် နံနက် ၇နာရီဝန်းကျင်တွင် ရွာဟောင်းဘက်သို့ စစ်ကြောင်းစထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်သားများ ပြန်လည်ဆုတ်ခွာ သွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်များမှာ မြိတ်မြို့နယ် စစ်အာဏာရှင်တပ် (၁၀၁) တပ်ရင်း၏ ရှေ့ကာကင်းက တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆိုသည်။ “စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးက နှစ်လုံးပဲ ပစ်တယ်။ အထိနာပြီး ပြန်ဆုတ်သွားကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး နံနက်၁၀နာရီ ၃၀မိနစ် ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာ ကာကင်းစခန်းသို့ ဒဏ်ရာရသူများ […]