မြိတ် မဇောကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး
Dawei Watch
August 24, 2025မြိတ်မြို့ နယ်၊ မဇောကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးခံရသူ သုံးဦးသည် စစ်အာရှင်တပ်၏ စစ်မှုထမ်းအတွက်ဆိုကာ ငွေကြေးအဓမ္မကောက်ခံနေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၂၂ရက် ည ၉နာရီခန့်တွင် မဇောကျေးရွာအုပ်စု လက်မဲရွာအုပ်ချုပ်ရေးအဖွဲ့ဝင် မြေယာကော်မတီဝင် ဦးထွန်းသန်း ကို ၎င်း၏နေအိမ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက (ဦးထွန်းသန်း) ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်မှာ အမြဲတွေ့ရတယ်။ စစ်မှုထမ်း မဲဖောက်ဖို့ ရွာအလိုက် စာရင်းလုပ်ပေးတယ်။ ဘယ်ကိုဖမ်းသွားတာလဲ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ထို့နောက် ဩဂုတ်လ ၂၃ရက် နံနက် ၃နာရီခန့်တွင် မဇောကျေးရွာအုပ်စု သကန်တောင်ပုရွာ ရာအိမ်မှူးဦးသန်းဝင်းနှင့် ဦးလူပိန် ဆိုသူတို့အား […]


