ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

လေကြောင်းတိုက်ခိုက်မည်ဟု သတင်းထွက်သဖြင့် တနင်္သာရီက ဒေသခံအချို့ ထွက်ပြေးတိမ်ရှောင်

Dawei Watch

October 13, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့ကို စစ်အာဏာရှင်တပ်က လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ် နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၀ရက်နေ့က တကူကျေးရွာ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်ဗုံးကြဲမည်ဟုသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် ဒေသခံအများစုက အခြားကျေးရွာများသို့ ပြောင်း‌ရွှေ့နေကြောင်း တကူရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ ထိုကြောင့် မီးသတ်ရုံးဗုံးကြဲခံရပြီးချိန်မှ ယနေ့(အောက်တိုဘာလ ၁၃ရက်) အထိ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “လေကြောင်းထပ်ကြဲမယ်ဆိုပြီး သတင်းထွက်နေတော့ ရွာမှာနေမရဲတော့ဘူး။အခြားရွာကို ပြောင်းနေကြတယ်။ ရွာထဲမှာလည်း လူသိပ်မရှိတော့ဘူး။ဆိုင်တွေလည်း ပိတ်တဲ့ဆိုင်ကများနေတယ်”ဟု အထက်ပါ‌ဒေသခံက ပြောသည်။ တကူကျေးရွာအုပ်စုတွင် ကျေးရွာ တစ်ဆယ်ကျော်ရှိသော်လည်း အင်းရှည်ကုန်း၊ သံတိုက်၊ ပြည်အေး စသည့်ကျေးရွာ ၆ ရွာဝန်းကျင်နေ ပြည်သူများ ရှောင်တိမ်းနေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ […]

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ် သတင်းပေးဆိုသူကို လက်နက်ကိုင်အဖွဲ့ တစ်ခုက ဖမ်းဆီး

Dawei Watch

October 13, 2025

တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာတွင် စစ်အာဏာရှင်တပ် သတင်းပေးဆိုသူတစ်ဦးကို လက်နက်ကိုင်အဖွဲ့ တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၃နာရီခန့်တွင် ရမ်းဖိုကျေးရွာရှိ ဥယျာဉ်ခြံတဲတွင် စစ်အာဏာရှင် သတင်းပေးဆိုသူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်ယုကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ‌ရမ်းဖိုရွာနှင့် ကပ်နေသည့် ဘန်းဘမွတ်ရွာနေ ‌‌ဒေသခံတစ်ဦးက ဆိုသည်။ “သူ့တဲ(ဥယျာဉ်ခြံစောင့်တဲ) မှာပဲ လာဖမ်းသွားတယ်။တဲမှာက သူ့မိသားစု အကုန်ရှိတယ်။သူ့ကိုပဲ မေးစရာရှိတယ် ဆိုပြီး လာဖမ်းသွားတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ အဖမ်းခံရသည့် ဦးမောင်ယုက ရမ်းဖိုရွာတွင် တပ်စွဲထားသည့်စစ်အာဏာရှင်တပ် လိုအပ်သည့်စားနပ်ရိက္ခာများ ဝယ်ပေးနေသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာပါက ရမ်းဖိုရွာသားများ အခြားနေရာသို့ တိမ်းရှောင်ရလေ့ရှိသော်လည်း ၎င်းတို့မိသားစုမှာ အဆိုပါဥယျာဉ်ခြံတွင်ပင် နေလေ့ရှိကြောင်း […]

မြိတ် အင်္ဂမော်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းကြေးဟုဆိုကာ လစဉ်ကောက်သဖြင့် ဒေသခံများအခက်ကြုံ

Dawei Watch

October 11, 2025

မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စုရှိ ကျေးရွာကိုးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ လစဉ်ငွေ သုံးသောင်းခွဲကျပ် ကောက်ခံနေသဖြင့် အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ ငွေကြေးမရှိသော်လည်း ချေးငှားပြီး ထည့်နေရသဖြင့် ပို၍ ကျပ်တည်းလာကြောင်း ၎င်းတို့က ဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်ကော်မရှင်ခန့် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကြေးကောက်ခံနေသည့်အတွက် ‌ဒေသခံပြည်သူများ ပိုမိုကျပ်တည်းလာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ အဆိုပါကျေးရွာများတွင် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက လတစ်လ၏ အစဖြစ်သည့် လစဉ် ၁ရက်နှင့် ၂ရက်တို့တွင် တစ်အိမ်လျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံနေကြောင်း ၎င်းက ဆိုသည်။ “စားဖို့ မရှိချင်နေ အဲဒီဟာကို အရင်ပေးနေရတယ်။ ကြောက်‌နေရတယ်လေ။ အိမ်မှာ သူတို့လာကောက်လို့ လူမရှိတဲ့ အချိန်ဆို နောက်လမှာ ပေါင်းပြီးကောက်တယ်” ဟု […]

မြိတ်တွင် ရပ်ကျေးထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရမည်ဟု ကန့်သတ်

Dawei Watch

October 11, 2025

မြိတ်မြို့မှ တိုင်းပြင်ပသို့ လေယာဉ်စီးမည့် ခရီးသည်များအနေဖြင့် စစ်ကော်မရှင်ခန့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရမည်ဟု ကန့်သတ်ထားကြောင့် လေယာဉ်လက်မှတ်အရောင်းဌာနအချို့နှင့် ခရီးသွားအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၉ ရက်ကစတင်ပြီး ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။ ထိုသို့ ကန့်သတ်လိုက်သည့်အတွက် မြိတ်မြို့မှ ထွက်ခွာမည့် မည်သည့်ခရီးစဉ်မဆို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာလိုအပ်ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာန အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။ “မြိတ်က အထွက်ဆို ရပ်ကွက်ထောက်ခံစာ လိုတယ်။ မြိတ်အဝင်ဆို ၆/(တနင်္သာရီတိုင်းမှတ်ပုံတင်) မဟုတ်ရင် ထောက်ခံစာ လိုတယ်ရှင့်။‌ စည်းမျဉ်းကန့်သတ်ချက်အတိုင်းပါပဲ။ ကျွန်မတို့လည်း သေချာမသိပါဘူး။ ဒါပေမဲ့ အခု‌နောက်ပိုင်း ထောက်ခံချက်ပါမှ လေကြောင်းခရီးစဉ်သွားလို့ရပါမယ်ရှင့်”ဟု ၎င်းက ပြောသည်။ အခြားဒေသမှ […]

တနင်္သာရီ ကျေးရွာအချို့တွင် ဆားကြမ်းစျေးတက်သဖြင့် ဥယျာဉ်ခြံရှင်များ အခက်တွေ့

Dawei Watch

October 11, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကားလမ်းဖြတ်သန်းခွင့် ပိတ်ပင်ကန့်သတ်ပြီးနောက် ဆားကြမ်းဈေးတက်လာကာ ဥယျာဉ်ခြံရှင်များ အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယခုနှစ် မတ်လမှစ၍ တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွာများကို ဝင်နိုင်သည့် ကားလမ်း များကို စစ်အာဏာရှင်တပ်က ပိတ်လိုက်သဖြင့် ဆားကြမ်းအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်ကာ ဈေးတက်လာကြောင်း ဒေသခံများက ပြောသည်။ ကွမ်းသီးပင်နှင့် အုန်းပင်များ အသီးကြီးထွားစေရန်နှင့် အသီးထွက်နှုန်းကောင်းစေရန် ဆားကြမ်းကို အပင်ဝန်းကျင်တွင် ထည့်ပေးရကြောင်း တောင်သူအချို့က ဆိုသည်။ လက်ရှိတွင် ပဝ၊ ဘန်လော၊ တကူ၊ သာရဘွင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စု ၁၀ ခုကျော်က ဥယျာဥ်ခြံများတွင် အသုံးပြုရန်လိုအပ်သည့် ဆားကြမ်းကို တနင်္သာရီမြို့အပါအဝင် ပြည်ထောင်စုလမ်းနှင့် နီးစပ်သည့်ကျေးရွာများ မှတစ်ဆင့် ရေလမ်းနှင့် ဆိုင်ကယ်ကို အသုံးပြုကာ သယ်ယူနေရကြောင်း […]

တနင်္သာရီ တကူရွာမီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲ၊ အရပ်သားများ ကျည်စထိမှန်

Dawei Watch

October 10, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာရှိ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သားငါးဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ ယနေ့ (အောက်တိုဘာ ၁၀ရက်) နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် တကူကျေးရွာရှိ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တကူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ “မီးသတ်(ရုံး)က စျေးနဲ့နီးနေတော့ ပြည်သူတွေလည်း ထိသွားကြတယ်။မီးသတ်မှာရှိတဲ့ သူတွေလည်း သုံးလေးယောက် ထိသွားတယ်။အချုပ်သားတွေ‌လည်း ထိတယ်”ဟု အထက်ပါ ‌ဒေသခံက ပြောသည်‌။ မီးသတ်ရုံးဗုံးကြဲခံရသဖြင့် အဆောက်အအုံတစ်လုံးပျက်စီးကာ အနီးရှိသစ်ပင်များလည်း လဲသွားကြောင်း ဒေသခံနောက်တစ်ဦးကဆိုသည်။ တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲပြီးနောက် မီးသတ်ရုံးအနီးတစ်ဝိုက်ကို ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ထိခိုက်မှုက ရှိတယ်။သေချာမသိရသေးဘူး။စျေးက မိန်းမကြီးနဲ့ကျောင်းသားတစ်ယောက်တော့ ဒဏ်ရာရထားတယ်။ […]

ပလမြို့အနီး မင်းပြင်ရွာတွင် နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့

Dawei Watch

October 8, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီး မင်းပြင်ရွာက နေအိမ်တစ်ဆယ်ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၄ရက်တွင် မင်းပြင်ရွာ မျော့အင်းရပ်ကွက်က နေအိမ် သုံးလုံး၊ ၆ ရက်တွင် နေအိမ် ခုနစ်လုံး၊ ယနေ့ အောက်တိုဘာလ ၈ရက်တွင် တစ်လုံး စုစုပေါင်း နေအိမ် ၁၁ လုံး မီးရှို့ခံရကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့ပေါ်နှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာလာပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့က ဆိုသည်။ “တော်လှန်ရေးတပ်တွေနဲ့ ပက်သက်ဆက်စပ်မှု မရှိလည်း ရှို့တာပဲ။ (စစ်အာဏာရှင်တပ်) စခန်းချနေမယ့်နေရာ အနီးတဝိုက် ဆိုရင်လည်း လာတိုက်ခိုက်နိုင်မယ် အိမ်ကာကွယ်တွေရှိနေရင်လည်း […]

တနင်္သာရီ ကမ်းတိုရွာဟောင်းတွင် စစ်အာဏာရှင်တပ်က မြေမြှုပ်မိုင်းများထောင်ပြီး ပြန်ဆုတ်

Dawei Watch

October 7, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှ ပြန်ဆုတ်သွားသည့် စစ်အာဏာရှင်တပ်က ဥယျာဉ်ခြံများအတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အောက်တိုဘာ ၃ ရက်နေ့က ကမ်းတိုရွာဟောင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင်တပ်က ရမ်းဖိုရွာဘက်ကို ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုသို့စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားပြီးနောက် တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းစဥ် ဆုတ်သွားသည့် လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲဖြစ်သည့် ကမ်းတိုရွာဟောင်းဝန်းကျင်ရှိ ဥယျာဥ်ခြံများအတွင်း မြေမြုပ်မိုင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ခြေနင်းမိုင်းတွေက တော်လှန်ရေးတပ်ဖွဲ့က ဖော်ပေးနေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ မြေမြှုပ်မိုင်းများကို တော်လှန်ရေးတပ်များ သွားလာနိုင်သည့် လူသွားလမ်းတစ်လျှောက်နှင့် […]