ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီ ဖာနီရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ် ဖြိုချ၊ အိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကို ဖျက်ဆီး

Dawei Watch

October 27, 2025

တနင်္သာရီမြို့နယ်၊ ဖာနီ‌ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး ပြန်ထွက်ချိန်တွင် နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးကာ အခြားအိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ရက်က ဇဝဲရွာအခြေစိုက် စစ်အာဏာရှင်တပ်က တပ်သား ၂၀ ဝန်းကျင်သည် ဖာနီရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂၅ရက်တွင် စစ်ကြောင်းပြန်ဆုတ်စဥ် ထရံကာ ဓနိမိုး နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း ဖာနီရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်တစ်ဆောင်လုံး ဖြိုချထားခဲ့တယ်။ စစ်ကြောင်းဝင်လာတုန်းက စစ်သားတွေ အဲဒီအိမ်က မိန်းကလေးကို ထိကပါး ရိကပါး ပြောလို့ သူတို့ အထက်အရာရှိကို သွားတိုင်လို့ စစ်ကြောင်းပြန်အထွက်မှာ ဖြိုခဲ့တယ်လို့ သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ရွာအတွင်းရှိ အခြားနေအိမ် ၂၀ […]

သရက်ချောင်း၊ လဘကျေးရွာတွင် နေအိမ် ၄၀ ခန့်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

October 27, 2025

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ လဘကျေးရွာတွင် အရပ်သားနေအိမ် ၄၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် အောက်တိုဘာလ ၂၀ ရက်မှစတင်ကာ မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက် ကျေးရွာများကို စစ်ကြောင်းထိုးလာပြီး အောက်တိုဘာလ ၂၃ ရက် နံနက်တွင် လဘကျေးရွာစာသင်ကျောင်းအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က လဘကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့က ဆိုသည်။ အိမ်ခြေ တစ်ရာခန့်ရှိသည့် လဘကျေးရွာတွင် တစ်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့သည့်အပြင် လဘ၊ ဆင်ကျန်း၊ ပိတိုင်စသည့် ကျေးရွာရှိ အရပ်သားပြည်သူနေအိမ်က ပစ္စည်းများကိုလည်း စစ်ကြောင်းက ယူဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။ “မီးရှို့ခံရတာကတော့ ရွာတစ်ဝက်လောက်ကုန်သွားတယ်။ အိမ်မှာရှိတဲ့ TV၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်၊ […]

ခဲလုပ်ကွက်များကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာ

Dawei Watch

October 25, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက စီးဆင်းလာသည့် နောက်ကျိနေသည့် ရေကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အတွင်း ခဲလုပ်ကွက် ပိုမိုများပြားလာပြီး တနင်္သာရီမြစ်အတွင်းသို့ နောက်ကျိနေသည့် ရေစီးဆင်းမှုကြောင့် ရေများ နောက်ကျိလာကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ၅ နှစ်ခန့် (အာဏာမသိမ်းမီ) က တနင်္သာမြစ်အတွင်း ဖမ်းပါက တစ်ညလျှင် ပုစွန်နှစ်ပိဿာဝန်းကျင် ဖမ်းမိလေ့ ရှိပြီး လက်ရှိတွင် ငါးဆယ်ကျပ်သားခန့်သာ ဖမ်းဆီးရရှိတော့ကြောင်း ရေပေါ်ရွာနေ တံငါသည်တစ်ဦးက ဆိုသည်။ ထို့ကြောင့် ဖမ်းဆီးရမိထားသည့် ပုစွန်အရှင်များကို မြှုံးအတွင်းထည့်သွင်းကာ စုဆောင်းထားပြီး ပမာဏများလာချိန်မှသာ ရောင်းချတော့ကြောင်း ၎င်းက ပြောဆိုသည်။ “အရင်က တစ်ညခပ် (ဖမ်း) ပြီး မိုးလင်းဆို ရောင်းလို့ရတယ်။ အခုက သုံးလေးညခပ်မှ […]

တနင်္သာရီနှင့် မြိတ်တွင် စစ်အာဏာရှင်တပ်ပစ်သည့် လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကလေးတစ်ဦးအပါ ဒေသခံသုံးဦး ဒဏ်ရာရ

Dawei Watch

October 25, 2025

မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း တို့ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချပြီး လက်နက်ကြီးဖြင့် လည်း ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးပေါင်တွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ဒရုန်းနဲ့ ပစ်ခတ်တုန်းက နေအိမ်သုံးလေးဆောင်ထိတယ်။ ပြီးမှ လက်နက်ကြီးပစ်တယ်။ ထိတဲ့လူကြီးက လက်နက်ကြီး အစထိသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အောက်တိုဘာလ ၂၄ရက် နံနက် […]

ပုလောမြို့အဝင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

October 25, 2025

ပုလောမြို့ ကျောက်စုရပ်ကွက်ရှိ စစ်အာဏာရှင်တပ် စစ်ဆေး‌ရေးဂိတ်တွင် စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၃ရက် နံနက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်သဖြင့် ပုလောမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ ကျောက်စုရပ်ကွက် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်သည် လက္ကူးရွာမှ ပုလောမြို့သို့အဝင်လမ်းပေါ်တွင် တည်ရှိပြီး စစ်အာဏာရှင်တပ်၏ အမှတ် (၂၈၅) တပ်ရင်းအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်တွင်း သတင်းဌာနတစ်ခုတွင်မူ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ကျောက်စုဂိတ်မှ ပြန်လာချိန် အ.မ.က […]

ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို စစ်အာဏာရှင်တပ်မီးရှို့

Dawei Watch

October 24, 2025

စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ပုလောမြို့နယ် ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ရက်) ညနေ ၃ နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သားများက သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ဆိုသည်။ နေအိမ်များကို မီးမရှို့မီ သင်္ကန်းတောရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်အာဏာတပ်ဘက်မှ လက်နက်ကြီးဖြင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်အထိ ပစ်ခတ်နေကြောင်း ၎င်းတို့ကဆိုသည်။ “ရွာကို မီးရှို့နေတာ အဝေးကနေ မြင်နေရတယ်။ အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ မီးခိုးတွေ အလုံးလိုက်တက်နေတာ တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “အရင်ကတည်းက […]

စစ်အာဏာရှင်တပ် ပစ်သည့်လက်နက်ကြီးကြောင့် တနင်္သာရီ ဖာနီရွာက ကလေးနှစ်ဦးအပါ ဒေသခံခုနစ်ဦးဒဏ်ရာရ

Dawei Watch

October 23, 2025

တနင်္သာရီမြို့နယ်၊ ဖာနီကျေးရွာတွင် စစ်အာဏာရှင်တပ်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အောက်တိုဘာလ ၂၂ရက် ည ၇နာရီဝန်းကျင်တွင် ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ က လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ရာ ဖာနီရွာရှိ လူနေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတွင် လက်တစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်တွင်လည်း ကျည်စထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်အရိုးကျိုးကာ စိုးရိမ်ရပြီး […]

ပလမြို့အနီး သင်္ကန်းတောရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့်ဗုံးကြဲ

Dawei Watch

October 21, 2025

ပလမြို့အနီး သင်္ကန်းတောရွာနှင့် တန်းရှင်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၁ရက် နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဥ်ဖြင့် သင်္ကန်းတောရွာနှင့် အနီးတစ်ဝိုက်ကို ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခေါင်းပေါ်က လာဖြတ်ပျံသွားသလို ဖြစ်နေတယ်။ ဗုံးကြဲခဲ့တာ တဲတွေမှာလည်း အစလာစင်‌သေးတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ တန်းရှင်းရွာနှင့် သင်္ကန်းတောရွာမှာ ရွာချင်းကပ်နေပြီး ပလမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသည်။ နောက်ထပ်ဗုံးတစ်လုံးမှာ ပလမြို့မှ ပုလောမြို့ကို သွားသည့် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကျရောက်ပေါက်ကွဲပြီး လမ်းမီးတိုင်အချို့ ပျက်စီးသွားကာ ဗုံးကျ‌ရောက်သည့်နေရာတွင် တွင်းကြီးအဖြစ်ကျန်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။ “တိုက်ပွဲက ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်ပဲ ဖြစ်နေတယ်။ […]