ပလမြို့တွင် အရပ်သား ၂၀ကျော်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး
Dawei Watch
September 9, 2025ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ပလမြို့၊ အမှတ် (၄) ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) က အမျိုးသမီးများအပါအဝင် ဒေသခံအရပ်သားများကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းက ဗုံးကြဲမှုများကြောင့် မြို့ခံအများစုက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသော်လည်း မြို့ခံအနည်းငယ်ကမူ နေအိမ်များတွင်ပင် ဆက်လက်နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။ “သူတို့(စစ်အာဏာရှင်တပ်)က အိမ်တွေကို ရိုက်ဖွင့်လိုက်လို့ အိမ်ထဲမှာရှိနေတဲ့သူ အကုန်ဖမ်းတာ။ အမေကို ဖမ်းထားပြီး […]


