ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တိုက်ပွဲများကြောင့် တနင်္သာရီ ကျေးရွာအချို့တွင် ကွမ်းသီးခွဲခြမ်းလုပ်ရောင်းသူများလာ

Dawei Watch

November 3, 2025

တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ကွမ်းသီးအလုံးခြောက်အစား ကွမ်းသီးခွဲပြီး အခြမ်းခြောက်လုပ်ရောင်းသူ ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ ကွမ်းသီးအလုံးလိုက် အခြောက်ခံပါက ၂ လခန့် ကြာမြင့်ပြီး ကွမ်းသီးခွဲခြမ်းအခြောက်လုပ်ပါက ၅ ရက်ခန့်သာ ကြာမြင့်ကြောင်း၊ ကွမ်းသီးလုံးထက်ဈေးပိုရသော်လည်း အလုပ်ပိုရှုပ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကွမ်းသီးခွဲခြမ်းအခြောက်လုပ်မည်ဆိုပါက ကွမ်းသီးမှည့်အလုံးကိုနှစ်ခြမ်းခွဲပြီး ၃ ရက်ဝန်းကျင်နေလှန်းကာ ကွမ်းသီးအသားကို ပြန်လည်ထုတ်ယူ၍ ၂ ရက်ဝန်းကျင် နေပြန်လှန်းရခြင်းဖြစ်သည်။ လေကြောင်းအန္တရာယ်နှင့် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းထွက်ပေါ်လာပါက ချက်ချင်းပြောင်း‌ရွှေ့ရလေ့ရှိသဖြင့် ပိုမိုမြန်ဆန်သည့် ကွမ်းသီးခြမ်းအခြောက်လုပ်သူ ပိုများလာခြင်းဖြစ်ကြောင်း သရဖုံရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ဘယ်အချိန်ပြေးရမယ်မှန်း မသိဘူး။ အမှည့်အလုံးလိုက်ရောင်းရင်လည်း တစ်လုံးကို ၅၀ ကျပ်ဝန်းကျင်ပဲ ရတယ်လေ။ အဲတော့ နေပူလှန်းပြီး ရတဲ့ဈေးနဲ့ရောင်းနေရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ […]

တနင်္သာရီတွင် ကျေးရွာလေးရွာက စစ်ရှောင်များ အစားအသောက်နှင့် အဝတ်အစား အရေးပေါ်လို

Dawei Watch

November 1, 2025

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေသဖြင့် ကျေးရွာလေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီး အစားအသောက်နှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ အောက်တိုဘာလ ၂၇ရက်ကစတင်ကာ စစ်အာဏာရှင်တပ်က လေးမိုင်ရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာလေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။ လေးမိုင်ရွာ အပါအဝင် ဖာနီရွာ၊ ဒူးကြိုးရွာနှင့် ရေခမ်းချောင်းရွာမှ ‌ဒေသခံ ၅၀၀ ကျော် စစ်‌ဘေးရှောင်နေရကြောင်း ၎င်းက ဆိုသည်။ “တချို့တွေက အရေးပေါ် ‌ရှောင်လာကြရတယ်။ တချို့ကလည်း ယူခင် (ယူလို့အချိန်မီ) တော့ ပစ္စည်းတွေ ပါလာကြတယ်။ လက်ရှိအနေအထားမှာက ရွာလည်းပြန်မရသေးတော့ စားနပ်ရိက္ခာက ပိုပြီးလိုအပ်နေတယ်” ဟု အထက်ပါစစ်ရှောင် ကူညီနေသူက […]

တနင်္သာရီ ကိုးအင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

October 29, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၉ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကိုးအင်းရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရွာမှာက ကထိန်လုပ်တဲ့နေ့ဆိုတော့ ဘုန်းကြီးကျောင်းမှာ လူတွေတော့ နည်းနည်းစုနေတယ်။ ဘုန်းကြီးကျောင်း အနောက်ဘက်ကုန်း ရော်ဘာခြံထဲကို ကြဲထားခဲ့တယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွာအနီးအနားတွင် ခြောက်ကြိမ်ပတ်ပြီး ဗုံးတစ်လုံးကြဲချခဲ့သလို စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။ “တစ်ခါမှ အဲဒီလို အကြာကြီး လာဝဲတာ မကြုံဖူးဘူး။ ဘယ်ကို ကြဲချမယ်မှန်း မသိ ကြောက်လိုက်တာ အသံတွေပါ […]

လေးမိုင်ရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့ပြီး ရွာသားတစ်ဦးကိုပစ်သတ်

Dawei Watch

October 29, 2025

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ဖျက်ဆီးပြီး ရွာသို့ ပြန်လာသည့် ရွာသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ် အောက်တိုဘာလ ၂၇ ရက်တွင် လေးမိုင်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး ရွာတွင် စစ်အာဏာရှင်တပ်က ဆက်လက် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၈ရက်တွင် မွန်းလွဲ ၂နာရီမှ ညနေ ၅နာရီအထိ လေးမိုင်ရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ယင်းသို့ တိုက်ပွဲမဖြစ်မီ နံနက်အစောပိုင်းတွင် ရွာသားတစ်ဦး ရွာသို့ ပြန်ဝင်စဉ် ‌တံတားထိပ်၌ စစ်အာဏာရှင် တပ်သားများနှင့် တိုးသဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပစ်သတ်ခံရသူမှာ လေးမိုင်ရွာသား အသက် ၃၀ […]

တနင်္သာရီ၊ လေးမိုင်ရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်၍ ဒေသခံတစ်ဦးသေဆုံး

Dawei Watch

October 28, 2025

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လေးမိုင်ရွာကို ခြေလျင်စစ်ကြောင်းထိုးဝင်လာရာက တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ ပစ်ခတ်ရာ ဗုံးစထိမှန်ပြီး ဒေသခံတစ်ဦး သေဆုံးသွားကြောင်း ၎င်းကပြောသည်။ “ကရင်လူမျိုးတစ်ယောက် သေသွားတယ်။ အနီးကပ်ဖြစ်နေလို့ အလောင်းသွားကောက်လို့ မရသေးဘူး”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။ ဗုံးစထိမှန်သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိပြီး ဒူးကြိုးလေးမိုင်ရွာသားဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုများလာသဖြင့် […]

မိုးသည်းထန်သဖြင့် မြိတ်မြို့ရှိ တောကျောင်းပရိယတ္တိစာသင်တိုက်အုတ်နံရံပြိုကျ

Dawei Watch

October 28, 2025

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်မြို့ အလယ်ကျွန်းရပ်ရှိ တောကျောင်းပရိယတ္တိစာသင်တိုက် အုတ်နံရံအချို့ ပြိုကျပျက်စီးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်ညက မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် အဆိုပါညတွင်ပင် ပြိုကျခဲ့ပြီး အချိန်အတိအကျကို မသိရကြောင်း မြိတ်မြို့ သန်းဖိုရပ်နေ မြို့ခံတစ်ဦးက ဆိုသည်။ “ညက မိုးမနည်းကြီးကြီး(သည်း)။ အိမ်ထဲတွေနဲ့ လမ်းမတွေမှာလည်း ရေကြီးကုန်တယ်။ တောကျောင်းက နံရံတွေလည်းပြိုကျကုန်တယ်။ နေ့ဘက်က နေပူပြီး ညကျတော့ မိုးကြီးရွာတယ်‌လေ။ ဒါကြောင့် အက်ကွဲနေတဲ့နေရာတွေက ရေဝင်ပြီး ပြိုကျကုန်တယ်ထင်တယ်”ဟု အထက်ပါ မြို့ခံက ပြောသည်။ တောကျောင်းပရိယတ္တိစာသင်တိုက်ရှိ မုခ်ပေါက်၊ အုတ်တံတိုင်းအချို့နှင့် ထိုင်တော်မှုဘုရားများ တည်ရှိရာ ဘုရားစောင်းတန်း အုတ်နံရံအချို့ပြိုကျပျက်စီးခဲ့ကြောင်း မြိတ်မြို့ အလယ်ကျွန်းရပ်နေဒေသခံအချို့ထံမှ သိရသည်။ “တော်တော်လည်းကြာနေပြီဆိုတော့ နေဒဏ်မိုးဒဏ်တွေကြောင့် ယိုယွင်းပျက်စီးသွားတာပါ”ဟု အလယ်ကျွန်းရပ်နေ မြို့ခံတစ်ဦးက‌ ပြောသည်။ […]

စစ်ရေးတင်းမာနေသည့် မြိတ် -ဘုတ်ပြင်းလမ်းပိုင်း ယနေ့စပိတ်

Dawei Watch

October 28, 2025

စစ်ရေးတင်းမာနေသဖြင့် မြိတ်-တနင်္သာရီ – ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၈ရက်ကစပြီး အဆိုပါလမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ကြောင်း ဖော်ပြသည်။ အဆိုပါလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်း၊ တိုက်ပွဲမဖြစ်သည့် နေရာများကိုလည်း စစ်အာဏာရှင်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းအပြင် လမ်းမကြီးကိုအသုံးပြုကာ စစ်အာဏာရှင်တပ်က စစ်ကူနှင့် ထောက်ပံ့ရေးလုပ်ဆောင်နေခြင်း၊ စစ်ဆေးရေးဂိတ်များက ခရီးသွားများကို တရားမဲ့စစ်ဆေးခြင်း၊ လူနှင့် ကုန်ပစ္စည်းများကို တရားမဲ့ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်နေခြင်း၊ လူငယ်များကို အဓမ္မဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဖော်ပြသည်။ ထို့ကြောင့် လက်ရှိဖြစ်နေသည့် စစ်ရေးအခြေအနေအရ ပြည်သူများများအန္တရာယ်ရှိသဖြင့် အဆိုပါလမ်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ရန် အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း […]

တနင်္သာရီ လေးမိုင်ရွာကို စစ်အာဏာရှင်တပ်လေကြောင်းဖြင့် ဗုံးကြဲ

Dawei Watch

October 27, 2025

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ အောက်တိုဘာ ၂၇ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တစ်လုံးသည် လေးမိုင်ရွာရှိ နေအိမ်တစ်ဆောင်ကို ထိမှန်ကာ နေအိမ် မီးလောင်သွားကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်မှု ရှိတယ်။ အ‌ရေအတွက်တော့ အတိအကျမသိရသေးဘူး။ တိုက်ပွဲက အခုအထိ ဖြစ်နေတုန်းလို့ သိရတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ ညနေ ၅ နာရီခန့်တွင် Dawei Watch […]