မြိတ်မြို့ နာရေးအိမ်တွင် ဝင်ဖမ်းခံရသူများမှ ခြောက်ဦးမှာ မိသားစုနှင့်အဆက်အသွယ် မရ
Dawei Watch
September 15, 2025မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ လယ်သစ်ရွာသားတစ်ဦး၏ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီးဖမ်းဆီးသွားသည့် အရပ်သား ၂၀ ဦးအနက် ၆ ဦးက လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ စက်တင်ဘာလ ၈ ရက်ည ၁၁ နာရီခန့်တွင် နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား ၂၀ဦးကို လာရောက်ဖမ်းဆီးသွားရာ ၁၄ ဦး ပြန်လွတ်လာကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါ ၁၄ဦးက အဖမ်းခံရသည့်ညမှာပင် ပြန်လွတ်လာကြောင်း နီးစပ်သူများကပြောသည်။ ကျန်သည့် အရပ်သား ၆ ဦးကိုမူ မြိတ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီးနောက်ပိုင်း စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ […]


