ပလမြို့ မင်းပြင်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ် မီးရှို့နေ
Dawei Watch
September 28, 2025ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်သားများက (ယနေ့) စက်တင်ဘာ ၂၈ ရက် ညနေ ၆နာရီခွဲ ဝန်းကျင်တွင် မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဒေသခံများ စစ်ဘေးရှောင်နေကြရသဖြင့် လက်ရှိတွင် မီးငြှိမ်းသတ်မည့်သူ မရှိဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ ပလမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်ကတည်းက မင်းပြင်ရွာက ဒေသခံများမှာ တိမ်းရှောင်နေကြရပြီး သုံးလကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ညနေဘက် မီးစရှို့တယ်။ အခုအထိတော့ (ည ၉နာရီခွဲ) မီးမငြိမ်းသေးဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ မင်းပြင်ရွာအနီးဝန်းကျင်တွင် စစ်ဘေးရှောင်နေရသည့် ရွာသားများလည်း ယခုညတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်လာသဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ “အဖမ်းခံရသူတွေလည်း ရှိတယ်။ စစ်ရှောင်နေရတဲ့ ရွာသားတွေလည်း […]


