ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျွန်းစုတွင် ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းသယ်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်

Dawei Watch

November 25, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းသို့ လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ပဲ့တိုင်ကျေးရွာ ဘုရားတောင်ကုန်းပေါ်ရှိ ပျူစောထီးအထိုင်စခန်းသို့ ဘုရားထွက်‌ရွာမှ လက်နက်ခဲယမ်းလာပို့သည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် ကားနှစ်စီးပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများလိုက်ပါလာပြီး သတင်း အခိုင်အမာကြိုတင်ရရှိသည့်အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။ “စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးက ကိုယ်စားလှယ်လောင်းတွေ ကျွန်းစု ဘက်ကို မဲဆွယ်စည်းရုံး‌ရေးဆင်းနေတယ်လေ။ အဲဒါကို လုံခြုံရေးယူဖို့ပြင်ဆင်နေတာဖြစ်မယ်” ဟု အဆိုပါတာဝန်ခံက ဆိုသည်။ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးအထိုင်စခန်းသည် ကျွန်းစုမြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများအနက် အင်းအားအများဆုံးနှင့် အကြီးဆုံးစခန်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါကားနှစ်စီးတွင် စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲဝင်နှင့် ပျူစောထီး ၁၅ […]

မြိတ်မြို့မအားကစားကွင်းအရှေ့ဆိုင်ခန်းများကို စာချုပ်မပြည့်မီ အဓမ္မဖယ်ခိုင်း

Dawei Watch

November 24, 2025

မြိတ်မြို့မအားကစားကွင်းအရှေ့တွင်ရှိသည့် ဆိုင်ခန်းတွဲများကို စစ်ကော်မရှင်လက်အောက်ခံ အားကစားဝန်ကြီးဌာနက အပြီးတိုင်ဖယ်ရှားခိုင်းနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ အဆိုပါအားကစားကွင်းအရှေ့တွင် ဆိုင်ခန်းပေါင်း ၃၀ နီးပါးရှိပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် အားကစားဦးစီးဌာနထံက အကြောင်းကြားစာပေးပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောဆိုသည်။ နှစ်ရှည်စာချုပ်ဖြင့်ဝယ်ထားပြီးမှ ယင်းကဲ့သို့ အပြီးတိုင်ဖယ်ရှားခိုင်းခြင်းကြောင့် ဆိုင်ခန်းပိုင်ရှင်ပြည်သူများ နစ်နာရကြောင်း ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ “အစိုးရပိုင်တဲ့နေရာဆိုပေမယ့် အဲဒီအစိုးရတွေကပဲ ကြည်ကြည်ဖြူဖြူနဲ့ ရောင်းချခဲ့ပြီး အခုက နှစ်မပြည့်‌သေးဘဲ ရုတ်တရက် ဖယ်ရှားခိုင်းတာကတော့ တရားလွန်တယ်ဗျာ။ ဝယ်ထားရတာ စက္ကူနဲ့ မဟုတ်ဘူး၊ ငွေသားနဲ့ဗျ။ အငှားဆိုင်ခန်းတွေက ကိစ္စမရှိပေမယ့် နှစ်ချုပ်နဲ့ဝယ်ထားတဲ့သူတွေက နစ်နာတယ်” ဟု ၎င်းက ပြောသည်။ ဆိုင်ခန်းနေရာများကို နှစ် ၃၀ စာချုပ်ဖြင့် ရောင်းချထားပြီး နှစ်ပြည့်ရန်အတွက် လေးနှစ်နီးပါးလိုသေးကြောင်း ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးက […]

ပုလောတွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

Dawei Watch

November 22, 2025

ပုလောမြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုယ်စားလှယ်လောင်းတစ်ဦး နေအိမ်တို့ နိုဝင်ဘာလ ၂၁ ရက်ညက မီးရှို့ခံရကြောင်း မြို့ခံများထံမှသိရသည် ။ မီးရှို့ခံရသည့်နေအိမ်မှာ စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင် ပုလောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် (နိုင်သူအကုန်ယူစနစ်) တွင် ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်၏ နေအိမ်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “(မီးရှို့ခံရမှု) ဖြစ်သွားတာက ညအိပ်ချိန်ကြီးဖြစ်တာပါ။ ဘယ်သူမှ အသေးစိတ်တော့မသိဘူး။ ဒီမြို့မှာက အခြားမြို့နဲ့စာရင် ပွင့်လင်းမြင်သားမှုအားနည်းတယ်။ ဒီလိုကိစ္စတွေ ဖြစ်ရင် ဘယ်သူမှမေးလို့မရ ပြောလို့မရဘူး “ ဟု မြို့ခံတစ်ဦး ကပြောသည်။ နိုဝင်ဘာလ ၂၁ ရက်ညပိုင်းတွင် ပုလောမြို့အတွင်း ပစ်ခတ်သံအချို့လည်း ကြားရသေးကြောင်း မြို့ခံများကဆိုသည်။ စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ်များကမူ PDF များက မီးလာရှို့ကြောင်းနှင့် […]

ပလမြို့အနီး သင်္ကန်းတောရွာအနီးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို မိုင်းဆွဲ

Dawei Watch

November 21, 2025

ပုလောမြို့နယ်၊ ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်အချို့ကို မီးရှို့ပြီး ကဒဲရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်အချို့နှင့် ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်အာဏာရှင်တပ်သား ၄၀ ဝန်းကျင်သည် သင်္ကန်းတောရွာမှ ကဒဲရွာဘက်သို့ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့က သင်္ကန်းတောရွာကို မီးရှို့ပြီး တက်လာတယ်။စစ်ကြောင်းက ခြေလျင်ထိုးလာတယ်။ ပ‌ဒေသာမိုင်း(အတွဲလိုက်)နဲ့ ချလိုက်တယ်။အသေများနိုင်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ၏ သေနတ်များနှင့် စစ်သုံးပစ္စည်းအချို့ တော်လှန်‌ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသွားသည့် စစ်အာဏာရှင်တပ်သားများကို ရွာအတွင်းမှ သယ်ထုတ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၈ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများက […]

မြိတ်မြို့က အခမဲ့ဆေးကုခန်း နေရာအခက်အခဲကြောင့် ပိတ်ရဖွယ်ရှိ

Dawei Watch

November 21, 2025

မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်ထားသည့် မြိတ်မြို့ပေါ်ရှိ အခမဲ့ဆေးကုသခန်းကို နေရာအခက်အခဲကြောင့် ယာယီပိတ်သိမ်းရမည့်အခြေအနေရှိနေကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။ လက်ရှိ ဆေးခန်းဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ နေရာကို အခမဲ့ အသုံးပြုခွင့်ပေးထားသည့် မူလပိုင်ရှင်များက ပြန်ယူတော့မည်ဖြစ်သည့်အတွက် ဆေးခန်းဖွင့်ရန်နေရာအခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ အသင်းခွဲဥက္ကဌ ဒေါက်တာတင်စိုးမိုးက ပြောသည်။ ဆေးခန်းဖွင့်ရန်အတွက် အစားထိုးမြေနေရာအဆင်မပြေပါက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ဆေးခန်းကို ယာယီပိတ်ထားရနိုင်ကြောင်း ဆေးခန်းတွင် ကိုယ်တိုင်ဦးဆောင်ကုသပေးနေသူလည်းဖြစ်သည့် ဒေါက်တာ တင်စိုးမိုးက ဆိုသည်။ “မူလပိုင်ရှင်တွေကလည်း ဆေးခန်းဖွင့်ထားတဲ့ အဆောက်အအုံကို သုံးဖို့လိုလာလို့ ကျွန်တော်တို့ကို အသိပေးလာပါတယ်၊ သူတို့လည်း (နေရာ)အခမဲ့ပေးသုံးလာတာ ၂ နှစ်လောက်ရှိနေပါပြီ” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဆေးခန်းဖွင့်ရန် လိုအပ်သည့်နေရာနှင့် အဆောက်အအုံကို ဘုန်းကြီးကျောင်းနှင့် မြိတ်မြို့ခံအချို့က အခမဲ့အသုံးပြုခွင့်ပေးရန် […]

မောတောင်လမ်းတွင် စစ်အာဏာရှင်တပ် စစ်အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲဆက်တိုက်ပြင်းထန်

Dawei Watch

November 20, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သို့ သွားသည့် လမ်းတွင် စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း ‌တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် မောင်တောင်လမ်းရှိ စစ်အာဏာရှင်တပ်က သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ကို အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “စစ်ကူက အင်အားအလုံးအရင်းကို ဖြည့်နေတယ်။ လေကြောင်းရော ကားနဲ့‌ရော စစ်ကူတွေ ဆက်တိုက်ဆိုသလို ပို့နေတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ နှစ်ဖက်စလုံး ထိခိုက်မှုရှိတယ်” ဟု ၎င်းက ဆိုသည်။ မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်အာဏာရှင် တပ်က ရဟတ်ယာဥ်ဖြင့် စစ်ကူ အကြိမ်ကြိမ်လာရောက်ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်တွင် ကားခုနစ်စီးဖြင့် ရိက္ခာနှင့် စစ်ကူများကို ပို့ဆောင်ခဲ့ကြောင်း […]

စစ်အုပ်စုရွေးကောက်ပွဲအတွက် မြိတ်မြို့က တက္ကသိုလ်ကျောင်းသားအချို့ကို ကြိုတင်မဲစပေးခိုင်း

Dawei Watch

November 18, 2025

စစ်ကော်မရှင်ကလုပ်မည့် ရွေးကောက်ပွဲအတွက် မြိတ်မြို့ရှိ တက္ကသိုလ်ကျောင်းသားအချို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး ကြိုတင်မဲထည့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပမည်ဆိုသည့်ရွေးကောက်ပွဲအချိန်တွင် အခြားတိုင်းနှင့် ပြည်နယ်သို့ ပညာသင်သွားရောက်မည့် မြိတ်မြို့ခံ တက္ကသိုလ်ကျောင်းသားများကို ကြိုတင်မဲထည့်ခိုင်းခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်အောင်က ပြောသည်။ ကြိုတင်မဲပေးခွင့်ရှိသည့် တက္ကသိုလ်ကျောင်သား ၃၉ ဦးရှိသော်လည်း လူဦးရေမည်မျှလာရောက်ပြီး ကြိုတင်မဲပေးခဲ့သည်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။ “ဒီဇင်ဘာ ရွေးကောက်ပွဲကျရင် ကိုယ့်မြို့ ကိုယ့်ရွာမှာမရှိတဲ့ကျောင်းသားတွေ ၃၉ ယောက် ကြိုတင်မဲပေးခွင့်ရှိတာပေါ့။ အဲဒီထဲက ဘယ်နှစ်ယောက်လာပေးလဲဆိုတာတော့ မြို့နယ်( ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ) ကပဲ သိပါလိမ့်မယ်” ဟု ဦးအောင်အောင်က ပြောသည်။ ထားဝယ်မြို့ရှိ တက္ကသိုလ်များတွင်မူ ထိုကဲ့သို့ ကြိုတင်မဲထည့်ခိုင်းသည့်ကိစ္စ လတ်တလောမကြားရသေးပေ။ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲကျင်းပမည့်အချိန်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေမည့် […]

မြိတ်နှင့် ကော့သောင်း မဟာစည်တရားရိပ်သာများတည်ထောင်သည့် သက်တော်ရှည်ဆရာတော်ပျံလွန်တော်မူ

Dawei Watch

November 13, 2025

မြိတ်မြို့ အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာနှင့် ကော့သောင်းမြို့ အေးငြိမ်းချမ်းသာ မဟာစည်သာသနာ့ရိပ်သာ တို့ကို တည်ထောင်ခဲ့သည့် ဘဒ္ဒန္တအာလောက မထေရ်သည် နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက လူကြီးရောဂါဖြင့် ကော့သောင်းမြို့ စံကျောင်း၌ ပျံလွန်တော်မူကြောင်း တပည့်ဆရာတော်တစ်ပါးက မိန့်ကြားသည်။ ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၆၆ ဝါ ရှိပြီဖြစ်သည်။ ကော့သောင်းမြို့၏ သြဝါဒစရိယဆရာတော်ဖြစ်သလို ဝိနယနုဂ္ဂဟစာမေးပွဲ၏ အကြီးအကဲဆရာတော်တစ်ပါးလည်းဖြစ်ပြီး နိုင်ငံတော်က ချီးမြှင့်ထားသည့် တရားပြသာသနာပြုဘွဲ့တံဆိပ် မဟာကမ္မဌာနစရိယ ဘွဲ့ကိုရရှိထားသည့် ဆရာတော် ဖြစ်သည်။ ဆရာတော်၏ စျာပနကို ခုနစ်ရက်အပူဇော်ခံကာ နိုဝင်ဘာလ ၁၈ရက်တွင် မြို့တွင်းလှည့်လည်အပူဇော်ခံပြီး ကော့သောင်းမြို့ ရွှေပြည်သာသုသာန်တွင် အန္တိမစျာပနပြုလုပ်၍ မီးသင်္ဂြိုဟ်ပူဇော်မည်ဖြစ်ကြောင်း ကော့သောင်းမြို့ အေးငြိမ်းချမ်းသာ မဟာစည်သာသနာ့ရိပ်သာမှ ဆရာတော်ကြီး၏ တပည့်ဆရာတော်တစ်ပါးက […]