ပုလောနှင့်တနင်္သာရီတွင် ညလုံးပေါက် လက်နက်ကြီးများဖြင့်ပစ်ခတ်
diz_admin
February 11, 2023တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ညလုံးပေါက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။ ပုလောမြို့ ၂၈၅ တပ်ရင်းမှ အနီးအနားကျေးရွာများဖြစ်ကြသည့် တို၊ ပိတပ်၊ မြဒေါင်၊ သင်္ကန်းတော၊ တန်းရှင်း၊ ကဒဲ စသည့် ကျေးရွာများဘက်သို့ နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ “ညကလည်း ညလုံးပေါက်ပစ်တယ်။ ဒီမနက်စောစောလည်း ပစ်တုန်းပဲ။ လူတွေက အပြင်တောင်ထွက်လို့ မရတော့ဘူး။ အိမ်တွေပိတ်ပြီး ပြေးတဲ့သူတွေက ပြေးကုန်ကြပြီ”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယင်းအပြင် ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး ယနေ့နံနက်တွင်မှ ပြန်လည်ရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်ရှိ ဒေသခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိနေသဖြင့် ပုန်းနေကြရသည်ဟု ၎င်းတို့ကပြောသည်။ ဖေဖော်ဝါရီ ၂ ရက်က […]


