မင်းထိန်ရွာနေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အဘွားအိုနှင့် သမီးဖြစ်သူတို့သေဆုံး
Dawei Watch
June 1, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၉၀ အရွယ် အဘွားအိုနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ မိသားစုဝင်သုံးဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် လေးလုံး မင်းထိန်ရွာအတွင်းသို့ ယနေ့ ဇွန်လ ၁ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၀ ကျော် အရွယ် ဒေါ်ငွေရှင်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည် ကျပြီးနောက် တစ်နာရီဝန်းကျင်ခန့် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက […]


