ပလမြို့ထွေအုပ်ရုံး ဗုံးဖြင့်ပစ်ခတ်ခံရ
diz_admin
October 17, 2022မြိတ်ခရိုင် ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ပစ်သွင်းခံရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်ခံရပြီးနောက် ယင်းရုံးအနီးရှိ မီးသတ်ရုံးက မီးသတ်ကားအချို့ကို နေရာပြောင်းရွှေ့ထားသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။ “နှစ်ယောက် ထိတယ်လို့လည်း ပြောသံကြားရတယ်။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ တချို့ကလည်း ထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပစ်ဖြင့် ပစ်ခတ်ခံရသည့် ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က စောင့်ကြပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပလမြို့ထွေအုပ်ရုံးအား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိကာ ထိခိုက်မှုစာရင်းအတိအကျကို […]