မြိတ်တွင် နေအိမ်ထဲဝင်ရောက် ဓားထောက်လုယက်ပြီး အိမ်ထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့
Dawei Watch
August 9, 2023မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုတွင် နေအိမ်ထဲဝင်ရောက်ကာ ဓားထောက်လုယက်သွားပြီး အခန်းထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်တွင် လမ်းမတန်းပေါ်ရှိ နေအိမ်တစ်ဆောင်၏ ဘေးတွဲအခန်းတွင် နေထိုင်သည့် အမျိုးသမီးကို ဩဂုတ်လ ၈ ရက် ည ၇နာရီခန့်က နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဝင်ရောက်လုယက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဓားဖြင့်ခြိမ်းခြောက်ကာ ရွှေထည်လက်စွပ်တစ်ကွင်းနှင့် ငွေသား၁၅ သိန်း စုစုပေါင်း တန်ဖိုးငွေ သိန်းနှစ်ဆယ်ကျော်ခန့်ကို လုယက်သွားကြောင်း ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “ဖြစ်သွားတဲ့အချိန်က (လျှပ်စစ်) မီးသေနေလို့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ မိန်းလမ်းမကြီးမှာတောင် ဒီလိုလုပ်ရဲတာက ဓာတ်သိတွေပဲ ထင်တယ်” ဟု လုယက်ခံရသည့်နေအိမ်အနီး နေသူတစ်ဦးက ပြောသည်။ လျှပ်စစ်မီးပျက်နေသဖြင့် ဖယောင်းတိုင်ဝယ်ပြီး အိမ်သို့ ပြန်အဝင်တွင် လုယက်သူနှစ်ဦးက […]


