တနင်္သာရီမြို့နယ်တွင် NUG နှင့် NLD ကို ပုတ်ခတ်သည့် စာများဖြန့်ဝေ
Dawei Watch
May 29, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အား ပုတ်ခတ်ရေးသားထားသည့် စာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၂၈ နေ့နံနက်က ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁)တပ်ရင်းမှ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ၊ အရှေ့ကမ်းနှင့် အနောက်ကမ်းရွာများရှိ လမ်းသွားလမ်းလာများအား အဆိုပါလက်ကမ်းစာရွက်များ ဝေငှခဲ့ပြီး လမ်းဘေးဓါတ်တိုင်များတွင်လည်း လိုက်လံကပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းရသဖြင့် တိုက်ပွဲဖော်ဆောင်ရန် သွားရောက်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ တပ်ရင်းပြင်ပသို့ ထွက်လာခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်တစ်ခုတွင် “NUG နှင့် NLD အစွန်းရောက် နိုင်ငံရေးသမားတွေဟာ ခံစားလွယ်တတ်တဲ့ လူငယ်တွေရဲ့စိတ်ကို အသုံးချပြီး တိုင်းပြည်အလုံးစုံ ပျက်သုဉ်းအောင်ဖန်တီး”ဟူသော စာသားပါသလို NUG ဝန်ကြီး ထမင်းဝိုင်းနှင့် PDF တောတွင်း တပ်သားများ၏ ထမင်းဝိုင်း ကိုလည်းဓါတ်ပုံဖြင့် နှိုင်းယှဥ်ပြသထားသည်။ ယင်းအပြင် စစ်ရေးလေ့ကျင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း နိုင်ငံရေးလုပ်စားသူများ၏ အသုံးချခံများဟု သုံးနှုန်းရေးသားထားသည်ကို […]


