ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

Dawei Watch

August 31, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၃၁) နေ့လယ် ၂ နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာဝန်းကျင်တွင် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီတပ်)ဘက် ထိခိုက်အကျအဆုံးရှိသလို ကျွန်တော်တို့ဘက်လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်” ဟု ၎င်းကပြောသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးပေ။ နှစ်ဖက်တိုက်ပွဲအတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ တပ်ရင်းဘက်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးထိမှန်ပြီး ရဲတပ်သားတစ်ဦး၏ မိခင်ဒဏ်ရာရ

Dawei Watch

August 29, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးကျည်ထိမှန်ပြီး မောတောင်ရဲစခန်းက ရဲတပ်သားတစ်ဦး၏ မိခင် ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂၈ရက် ည ၇ နာရီဝန်းကျင်က တပ်ဦးရပ်ကွက်တွင်ရှိသည့် ရဲတပ်သား၏ မိခင်နေအိမ် လက်နက်ကြီး ကျည် ထိမှန်ပြီး ရဲတပ်သား၏မိခင် အသက် ၅၉နှစ်ရှိ ဒေါ်ညွန့် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ “သူအိမ်မှာ လက်နက်ကြီးလာကျပြီး ထုတ်တန်းပြုတ်ကျပြီး ရိုက်မိတာ နဖူးမှာ ဒဏ်ရာရသွားတယ်။ တော်သေးတယ်။ လက်နက်ကြီးက မပေါက်ဘူး။ ပေါက်ရင် သေပြီ” ဟု အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်မှာ အိမ်နံဘေးရှိ မြေကြီးသို့ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသမီးကို ညတွင်းချင်း ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအမျိုးသမီးကြီးက […]

ပုလော ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အော်သာရွာသားတစ်ဦးအဖမ်းခံရ

Dawei Watch

August 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာသားတစ်ဦး အသတ်ခံရပြီး အော်သာရွာသားတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကြဲရွာနေ အသက် ၄၀ အရွယ် ဦးကျော်သူလွင်ဆိုသူ မီးလောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့က အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ မီးလောင်ချောင်းရွာရှိ ဦးလေးတော်စပ်သူ ဦးတင့်လွင်၏ ရော်ဘာခြံသို့ လာရောက်စဉ် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကော်ပတ်ချက်သမား (ရော်ဘာချက်သူ) တွေကို ကားနဲ့ လာပို့ချိန် အသတ်ခံရတာ” ဟု ၎င်းက ဆိုသည်။ ဦးကျော်သူလွင်သည် ကြဲရွာတွင် မနေသည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ယခင်ကသွားလာဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးကျော်သူလွင် အသတ်ခံရပြီးနောက် မီးလောင်ချောင်းရွာရှိ ဦးတင့်လွင်၏ ခြံဝင်းအတွင်းရှိ ရော်ဘာဂိုဒေါင်၊ မိုင်းခံရုံနှင့် နေအိမ်ကိုလည်း အထက်ပါလက်နက်ကိုင်လူတစ်စုက […]

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ် စတင်တာဝန်ယူ

Dawei Watch

August 28, 2023

ထိပ်ပိုင်းရာထူးအပြောင်းအရွှေ့များ ပြုလုပ်နေသည့် စစ်ကောင်စီက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း အသစ်ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ သြဂုတ်လ စတုတ္ထအပတ်အတွင်းက တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိလာသည်ဟု စစ်ဖက်အသိုင်းအဝိုင်း အတွင်းမှသိရသည်။ “မနေ့က(သြဂုတ် ၂၇)က သိမ်တော်ကြီးဘုရားကို ဖူးတယ်။ မော်တောင်ကျောင်းကို ဝင်ပြီး ဆရာတော် (တိုင်းသံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ) နဲ့တွေ့တယ်”ဟု စစ်ဖက်ဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးသည် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် ကမ်းရိုးတန်းဒေသတိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်သည် နေပြည်တော်သို့ ပြောင်းရွှေ့ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။ ပြီးခဲ့သည့်လက ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူး အပါအဝင် ခမောက်ကြီးမြို့ အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် […]

မူးယစ်ဆေးရောင်းသူသုံးဦးကို ဖမ်းဆီးထားကြောင်း ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

Dawei Watch

August 28, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူသုံးဦးအား ဖမ်းဆီးထားကြောင်း ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဩဂုတ်လ ၂၈ရက်တွင် ထုတ်ပြန်သည်။ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ လုံးနှင့်အတူ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ ကိုမင်းမင်း၊ ဦးဇော်၊ မမိုးမိုးဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့သုံးဦးအား နောက်နောင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ရန် ပြင်းထန်စွာသတိပေးခဲ့ပြီး ဖမ်းဆီးရမိသည့် ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ လက်ရှိတွင်မူ ၎င်းတို့သုံးဦးကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး အပြစ်ပေးအရေးယူပြီးလျှင် ပြန်လွှတ်ပေးမည့် အစီအစဉ် ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “အရင်ကလည်း ဖမ်းဆီးစစ်ဆေးတာမျိုးရှိခဲ့တယ်။ သက်သေခံပစ္စည်း မမိတော့ သတိပေးပြီး ပြန်လွှတ်ခဲ့တာမျိုး […]

စစ်ကောင်စီတပ်က ဘန်လောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

Dawei Watch

August 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲမရှိဘဲ ဩဂုတ်လ ၂၄ရက် ည ၈ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခဲ့သလို ယနေ့ ဩဂုတ်လ ၂၅ရက် နံနက် ၁၁ နာရီကလည်း ထပ်မံပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘန်လောလမ်းဆုံမှာ လာကျနေတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး။ လက်ရှိတော့ ငြိမ်သွားပြီ။ ဘယ်အချိန် ထပ်ပစ်ဦးမလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဩဂုတ်လ ၂၄ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဘန်လောကျေးရွာတံတားရှိ စဝ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က […]

မြိတ်တွင် နေအိမ်ဖေါက်ထွင်းပြီး လက်ဝတ်ရတနာများ ခိုးယူခံရ

Dawei Watch

August 22, 2023

မြိတ်မြို့ အေးချမ်းသာယာရပ်ကွက်ရှိ နေအိမ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က ဖေါက်တွင်းခံရပြီး လက်ဝတ်ရတနာအချို့ပါသွားကြောင်း ကာယကံရှင်ထံမှ သိရသည်။ အဆိုပါ နေအိမ်၌ လူမရှိသည့်အချိန် နေ့ခင်းပိုင်းတွင် ဖေါက်တွင်းခံရခြင်းဖြစ်နိုင်ကြောင်း ကာယကံရှင်က ပြောပြသည်။ “နေ့ခင်းဘက်မဟုတ်‌‌တောင်မှ ညနေမှောင်ရီပျိုးတဲ့အချိန်တော့ ဖြစ်နိုင်တယ်” ဟု ကာယကံရှင်က ပြောသည်။ အဆိုပါအိမ်တွင် နေထိုင်သူများမှာ ဆိုင်မှ နေအိမ်သို့ ညနေခြောက်နာခွဲအချိန်တွင် ပြန်ရောက်လေ့ရှိပြီး အိမ်ပြန်ရောက်ချိန်၌ ဖေါက်ထွင်းခံထားရသည်ကို သိရှိခဲ့ရကြောင်း ကာယကံရှင်က ပြောပြသည်။ နေအိမ် အနောက်ဘက်ရှိ သံပန်းတံခါးရှိ သော့ကိုရိုက်ဖွင့်ထားပြီး နေအိမ်အတွင်း မွေနှောက်ရှာဖွေထားကြောင်း ၎င်းက ပြောပြသည်။ နေအိမ်အတွင်း မွေနှောက်ရှာဖွေထားပြီး ငွေသားနှစ်သိန်းကျပ်နှင့် ဆွဲကြိုး ၃ ကုံး၊ လက်ကောက် ၂ ကွင်း၊ လက်ပတ် ၁ ကွင်း၊ လက်စွပ် […]

မြိတ်တွင် စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချ

Dawei Watch

August 22, 2023

မြိတ်မြို့တွင် စက်သုံးဆီတို့အား ဩဂုတ်လ ၁၉ ရက်နေ့မှစပြီး အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့နှင့် ပြည်သူများထံမှ သိရသည်။ ယခင်က မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ် စသည့် မော်တော်ယာဉ်တို့အား စက်သုံးဆီ လိုသလောက် ရောင်းချပေးလေ့ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။ ထို့အပြင် သုံးဂါလံ၊ ငါးဂါလံ စသဖြင့် ဂါလံပုံးများဖြင့် သွားရောက်ဝယ်ယူပါက ရောင်းချပေးလေ့ရှိကြကြောင်း စက်သုံးဆီအသုံးပြုသူအချို့က ပြောသည်။ “အခုက မြို့ထဲဆိုင်တွေက မရောင်းပေးကြတော့ဘူး။ မြို့ပြင်မှာ ထွက်ဝယ်နေရတယ်” ဟု မြိတ်တောင်ရပ်နေ စက်သုံးဆီအသုံးပြုနေသူတစ်ဦးက ပြောဆိုသည်။ စက်သုံးဆီ (ဓာတ်ဆီ) တို့အား မော်တော်ဆိုင်ကယ်နှင့် လုပ်ငန်းအတွက်အသုံးပြုရန် မြို့နှင့် လေးမိုင်ကျော်ဝေးသည့် မြို့ပြင်ရှိ စက်သုံးဆီဆိုင်တို့တွင် သွားရောက်ဝယ်ယူနေရခြင်း ဖြစ်ကြောင်း ဆိုသည်။ မော်တော်ဆိုင်ကယ်တစ်စီးအား ငါးထောင်ကျပ်၊ သုံးဘီးယာဉ်တစ်စီးလျှင် သုံးသောင်းကျပ်နှင့် မော်တော်ယာဉ် […]