ချောင်းညီကိုရွာရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်
Dawei Watch
June 6, 2023တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ချောင်းညီကိုရွာရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ခွပ်ဒေါင်းတမန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ချောင်းညီကိုရွာ စာသင်ကျောင်းတွင် ယာယီတပ်စွဲထားသည့် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ကို ယနေ့ ဇွန်လ ၆ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ခွပ်ဒေါင်းတမန်အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှု တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး အလစ်အငိုက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဆယ်ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်မူ နှစ်ဦး ဒဏ်ရာရပြီး မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တိုက်ပွဲဖော်ဆောင်မှုကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ ကော်သူးလေအာမီ KTLA (TCJF) ၊ တနင်္သာရီ ရိုးမပူးပေါင်းအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု […]


