ကမ်းနီးငါးခိုးဆွဲသည့် ကမ်းဝေးလှေများကို ပုလောကာကွယ်ရေးတပ် ပထမဆုံးအကြိမ်ဖမ်းဆီး
Dawei Watch
September 12, 2023ပုလောမြို့နယ်အတွင်း ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများကို ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဦးဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။ ပြည်သူများ၏ တိုင်ကြားချက်အရ စက်တင်ဘာလ ၇ရက်က ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်း ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးရာတွင် ငါးဖမ်းလှေအား ယူဆောင်ခြင်းမပြုဘဲ တာဝန်ရှိသည့် လှေဦးစီး ပဲ့နှင်းခုနစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ “လှေကတော့ မသိမ်းဆည်းပါဘူး။ ပဲ့နင်း ၇ ယောက်ကိုပဲ ဖမ်းတာပါ။ သူတို့ကိုတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်အထိ အရေးယူဖို့တော့ ရှိပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက […]


