ဖမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၏ဇနီးနှင့် ကလေးတို့ကို PDF ပြန်လွှတ်ပေးဟုဆို
Dawei Watch
June 16, 2023တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ဘန်လောလမ်းဆုံတွင် ဖမ်းမိထားသည့် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့အား ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လွှတ်ပေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မြို့မှ အရံမီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး၏ ဇနီးနှင့် ကလေးတို့ကို ဇွန်လ ၁၄ ရက်က ဘန်လောလမ်းဆုံ PDF စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဗိုလ်ကြီး၏ ဇနီးသည်မှာ မြိတ်မြို့မှ ညောင်ပင်ကွင်းတပ်ရင်းသို့အလာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းတို့ လေးဦးစလုံးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဗိုလ်ကြီးမိန်းမက နို့စို့အရွယ်ကလေးနဲ့ဆိုတော့ ဒီကနေ့ မနက်က ပြန်လွှတ်လိုက်တယ်။ မီးသတ်နှစ်ယောက်ကိုလည်း ခံဝန်ချက်တွေ ထိုးခိုင်းပြီး မနေ့ကတည်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်” […]


