တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် စစ်သားနှင့်ရဲ ၈၀ကျော်ရှိကြောင်း ထုတ်ပြန်
Dawei Watch
September 17, 2023တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် ရဲနှင့် စစ်သား ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယနေ့အထိ CDM ဝင်ရောက်လာသည့် စစ်သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦး ရှိကြောင်း ဖော်ပြသည်။ CDM ပြုလုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁) တပ်ရင်းမှ တပ်သား အောင်ဇော်မင်းသည် MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ပါကျည်ဘောက် ၃ […]


