တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ
diz_admin
April 27, 2023တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာက ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဧပြီလ ၂၆ ရက်တွင် နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်မိုင်းဆွဲခံရကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ရှိသည့် သဲဖြူကျေးရွာကို မတ်လ ၂၈ရက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် ဧပြီလ ၂၆ ရက် နံနက်တွင် သိန်းခွန်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာလာစဉ် ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပြီးနောက် ဆက်လက်ဆုတ်ခွာရာ သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက်သေဆုံးများပြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မနေ့ကဖြစ်စဉ်တွေကြောင့် ဟိုဘက် (စစ်ကောင်စီဖက်) မှာ အထိအခိုက်အကျဆုံးရှိတယ်လို့ သိရတယ်။ ဘယ်လောက်ဆိုတာတော့ မသိရသေးဘူးပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက […]


