ထိုင်းနိုင်ငံထုတ် စားအုန်းဆီများ စစ်ဆေးဖမ်းဆီးနေ၍ ပစ္စည်းပြတ်ပြီးဈေးတက်
Dawei Watch
October 11, 2023မြိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် စားအုန်းဆီများကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးနေသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်သွားပြီး ဈေးနှုန်းများ မြင့်တက်လာနေသည်။ စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းအချို့တို့က အောက်တိုဘာလ ပထမပတ်မှစပြီး ဈေးအချို့ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောပြသည်။ “ဆီတွေအားလုံးက ထိုင်းကလာတာချည်းပဲ၊ တံဆိပ်အစုံရှိတယ်၊ အားလုံးကိုစစ်တယ်၊ မီစု (meesook) တံဆိပ်ကိုတော့ FDA စစ်ဆေးချက်မရှိလို့ဆိုပြီး သိမ်းသွားတာမျိုးရှိတယ်” ဟု ကုန်စုံအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ တစ်လီတာ၊ နှစ်လီတာဆံ့ ထိုင်းနိုင်ငံထုတ် မီစု(meesook သခွားမွှေးသီး)နှင့် အခြားတံဆိပ်အချို့အား သိမ်းခြင်း၊ ခံဝန်လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကုန်စုံဆိုင်ရှင်က ပြောပြသည်။ “ပဲလုံးဆီကျတော့ မဖမ်းဘူး၊ သူလည်း ထိုင်းကလာတာပဲ၊ ဒါပေမဲ့ လူတန်းစားမရွေး မစားနိုင်ဘူး၊ ဈေးကြီးတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။ မီစုတံဆိပ်နှင့် အခြားတံဆိပ် စားအုန်းဆီများမှာ […]


