မြိတ်တွင်ဘုရားဖူးများထံမှ စစ်ကောင်စီတပ် ငွေတောင်း
Dawei Watch
October 17, 2023မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းအနီးရှိ ပေါ်တော်မူဘုရားသို့ ဘုရားဖူးလာသူများထံမှ စစ်ကောင်စီတပ်က ငွေကြေး တောင်းယူနေကြောင်း မြို့ခံအချို့၏ ပြောဆိုချက်အရ သိရသည်။ ပေါ်တော်မူဘုရားရင်ပြင်ပေါ်ရှိ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားဖူးလာသူများထံမှ ငွေများတောင်းယူနေခြင်းဖြစ်ကြောင်း ပေါ်တော်မူဘုရားအနီးနေသူအချို့က ပြောသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးရန် ဆိုင်ကယ်ဖြင့်လာစဉ် ဟန့်တားစစ်ဆေးကာ ငွေငါးသောင်းကျပ်တောင်းကြောင်း ကိုယ်တိုင်ကြုံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မော်တော်ပီကယ်လည်း မဟုတ်ဘူး။ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတယ်။ ဆိုင်ကယ်လိုင်စင်စာအုပ်တွေ အစုံပါတာတောင် လက်မခံဘူး။ ဘုရားပေါ်တက်လာလို့ ငွေပဲပေးပါလို့ တောင်းကြတာ” ဟု ၎င်းက ပြောသည်။ ငွေနှစ်သောင်းကျပ်သာပါရှိသဖြင့် ယင်းငွေကို ပေးခဲ့ရသည်ဟု သိရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ ထို့အပြင် ဘုရားရင်ပြင်ပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသူများထံမှလည်း ဓာတ်ပုံမရိုက်ရသည့်နေရာတွင် ဓာတ်ပုံရိုက်သည်ဟုဆိုကာ […]


