ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရတော့မည်ဖြစ်ပြီး မြိတ်ထောင်တွင် မနက်ဖြန်စတွေ့ခွင့်ရမည်ဟုဆို
Dawei Watch
October 23, 2023ကိုဗစ်ကပ်ဘေးဖြစ်ချိန်ကပင် ပိတ်ပင်ထားသည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက် နေ့က စတင်ပြီး ပြန်လည်ခွင့်ပြုရန် အကျဉ်းထောင်များ ပြင်ဆင်နေသည်ဟု သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။ အကျဉ်းထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းအချို့၏ ပြောဆိုချက်များကို ကိုးကားကာ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ “လက်ရှိမှာ ကျွန်တော်တို့လိုက်လို့ရတာ ထောင်ငါးခုပေါ့နော်။ ဒီနေ့ဆို မြိတ်အကျဉ်းထောင်ပါ ပါလာတယ်။ ထောင်ခြောက်ခု ဖြစ်လာတယ်ပေါ့နော်။ လက်ရှိကတော့ သူတို့စမ်းသပ်ကာလအနေနဲ့။ သေချာတာကတော့ ထောင်ဆယ်ဂဏန်းလောက်ကို ၂၄ ရက်နေ့မှာ စပြီး တွေ့ခွင့်ပေးလိမ့်မယ်ဗျာ” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။ ပြီးခဲ့သည့် တစ်ပတ်က ထောင်ဝင်စာ အစားအသောက်များပေးပို့စဉ် ထောင်ဘူးဝတွင် ရိက္ခာလက်ခံနေသည့် ဝန်ထမ်း က ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုတော့မည်ဟု […]


