တနင်္သာရီတွင် ငါးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ပြန်ဆုတ်သွားဟုဆို
Dawei Watch
July 19, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲငါးရက်ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရသည်။ တနင်္သာရီ မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာအုပ်စုတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ယနေ့ မွန်းလွဲတွင် စစ်ကောင်စီတပ်ပြန်ဆုတ်သွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ သိန်ခွန်းကျေးရွာအုပ်စု သဲဖြူရွာဖက်မှ စစ်ကောင်စီတပ်ဗျူဟာရှိသည့် ရေဖြူရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီနေ့တော့ သဲဖြူရွာကနေ ရေဖြူဖက်ပြန်ဆုတ်သွားကြပြီ။ တဖြည်းဖြည်းနဲ့ တိုးလာတာ တိုးလို့မပေါက်တော့ ပြန်ဆုတ်သွားကြတာ” ဟု ၎င်းက ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့က ရေဖြူရွာဖက်မှ ကားကြီး ငါးစီး၊ အင်အား ၁၀၀ […]


