စစ်ကြောင်းထိုးရန် လူစုလေ့ရှိသည့် ရှော်တောမှော်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်တိုက်
Dawei Watch
July 26, 2023မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ရှော်တောမှော်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဇူလိုင် ၂၆)သတင်း ထုတ်ပြန်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ယင်းရှော်တောမှော်ရဲစခန်းကို ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိနစ်ပိုင်းအကြာပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝင်ရောက်တိုက်ခိုက်ခံရသည့် ရဲစခန်းတွင် ရဲတပ်သား ဆယ်ဦးကျော်ရှိပြီး ကျွန်းစုမြို့နယ်ရှိ ရေတပ်၊ရဲနှင့် ပျူစောထီးများက ရှော်တောမှော်ရွာတွင် စုဖွဲ့၍ ဘဒ္ဒနဲကျေးရွာဘက်သို့ မကြာခဏ လာရောက် စစ်ကြောင်း ထိုးလေ့ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်ကလည်း ဘဒ္ဒနဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော ရေတပ်နှင့်ပျူစောထီးတို့ လိုက်ပါလာသည့်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။ ကျွန်းစုမြို့နယ်သည် […]


