တနင်္သာရီနှင့်ကျွန်းစုတွင် စစ်ကောင်စီတပ်က အမျိုးသားသုံးဦးကို ဖမ်းဆီး
Dawei Watch
August 1, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နှင့်ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီက တစ်ရက်အတွင်း အမျိုးသားသုံးဦး ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကုန်းရွာနေ အသက် ၄၂ အရွယ် ဇော်မင်း(ခ)လင်းလင်းဆိုသူမှာ ဇူလိုင်လ ၃၁ ရက်နေ့က တနင်္သာရီမြို့တွင် အဖမ်းခံခဲ့ရသည်။ ၎င်းသည် တနင်္သာရီမြို့တွင် ဆေးဝယ်ပြီးရွာအပြန် အဖမ်းခံရသည်ဟု ဒေသခံများ ထံမှသိရသည်။ “သူ့သမီးအတွက် ဆေးသွားဝယ်တာ ဝယ်တဲ့ဆေးထဲမှာ အနာကျက်ဆေးပါလို့ဆိုပြီး အဖမ်းခံရတယ်လို့ သိရတယ်”ဟုဒေသခံအမျိုးသား ကပြောသည်။ ၎င်းအဖမ်းခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူအုပ်စု၏ တယ်ရီဂရန်ချန်နယ်တွင် အဖမ်းခံရသူသည် PDF တပ်အား ဆေးဝယ်ပေးခြင်း၊ဆေးကုပေးခြင်း ပြုလုပ်သည့် ဆေးမှူးဖြစ်သည်ဟု ရေးသားထားပြီး တနင်္သာရီမြို့ရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(က)ဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။ အလားတူ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ရွာနေ စက်သုံးဆီနှင့်ကွမ်းယာရောင်းသူ အသက် ၆၆ နှစ်ရှိ အမျိုးသားတစ်ဦးသည်လည်း အဖမ်းခံခဲ့ရသည်။ […]


