စစ်ကောင်စီတပ်က ဘန်လောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်
Dawei Watch
August 25, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲမရှိဘဲ ဩဂုတ်လ ၂၄ရက် ည ၈ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခဲ့သလို ယနေ့ ဩဂုတ်လ ၂၅ရက် နံနက် ၁၁ နာရီကလည်း ထပ်မံပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘန်လောလမ်းဆုံမှာ လာကျနေတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး။ လက်ရှိတော့ ငြိမ်သွားပြီ။ ဘယ်အချိန် ထပ်ပစ်ဦးမလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဩဂုတ်လ ၂၄ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဘန်လောကျေးရွာတံတားရှိ စဝ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က […]


