ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီနှင့် ပလတွင် စစ်ကောင်စီတပ်ရင်းများ ဗုံးချတိုက်ခိုက်ခံရ၊ လက်နက်ကြီးဖြင့်ပြန်ပစ်သဖြင့် အရပ်သားသေဆုံး

Dawei Watch

February 28, 2024

တနင်္သာရီမြို့နယ်နှင့် ပလမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခု၊ ရဲစခန်းတစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုတို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့ထံက သိရသည်။ ပလမြို့ ရဲစခန်းအား ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) က ဒရုန်းဖြင့် ဗုံချပြီး စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။ “ဒရုန်းနဲ့ ချတဲ့ဗုံးသီးက အဆောက်အအုံတစ်ခုပေါ်ကျတယ်။ ပြီးတော့ စနိုက်ဘာနဲ့ ပစ်တာလည်းရှိသေးတယ်။ အတည်ပြု နိုင်တာက စနိုက်ဘာနဲ့ပစ်တဲ့အထဲမှာ သူတို့ (စစ်ကောင်စီ) ဘက်က တစ်ယောက်ထိမှန်တယ်။ နှစ်ဘက် (အပြန်အလှန်) ပစ်တာတော့ မရှိဘူး။ လက်နက်ကြီးပြန်ပစ်တာပဲ ရှိတယ်” ဟု ယင်းတပ်ရင်း၏ […]

မြိတ်၊တောင်ရှည်ရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

February 28, 2024

မြိတ်မြို့နယ် ၊ တောင်ရှည်ကျေးရွာအုပ်စု ၊ တောင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝင်း ကို ဖေဖော်ဝါရီလ ၂၂ ရက်က စစ်ကောင်စီကဖမ်းဆီးသွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ မြိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အစည်းအဝေးလာတက်စဥ် စရဖနှင့်သတင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ဦးညွန့်ဝင်း သည် အာဏာသိမ်းပြီးနောက်အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းမခံရမီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခေါ်ယူသတိပေးခြင်းခံခဲ့ရသေးကြောင်း ဒေသခံများကပြောပြသည်။ “ PDF တွေခေါ်သတိပေးပြီး ပြန်လွှတ်လိုက်တာကို PDF နဲ့အဆက်သွယ်လုပ်တယ်ဆိုပြီး ဖမ်းတယ်လို့ သိထားတယ် “ ဟု အသက်၂၄ နှစ်အရွယ် ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးညွန့်ဝင်းကို မြိတ်မြို့ရှိ စစ်ကြောရေးစခန်းတစ်ခု တွင် ၄ ရက်ကြာစစ်ဆေးပြီးနောက် မြိတ်ထောင်သို့ ဖေဖော်ဝါရီလ ၂၆ ရက်က ပို့ဆောင်လိုက်ကြောင်း သိရပြီး […]

တနင်္သာရီ ရမ်းဖိုရွာအနီးတွင် စစ်ကောင်စီ​ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ

Dawei Watch

February 27, 2024

တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စု ၊ ရမ်းဖိုရွာအနီး ဆီအုန်းတောတွင် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းက ခမရ ၅၅၆ စစ်ကောင်စီ တပ်ရင်းမှ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဒေသခံများထံမှသိရသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) က ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်သည်။ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူ ရဲ​ဘော်ထက်မာန် ကပြောသည်။ “ကျွန်​တော်တို့ဘက်က လက်နက်အားနည်းချက်ကြောင့် ပြောက်ကျားမိုင်းဆွဲတာပဲ လုပ်ဆောင်လုပ်ခဲ့တာပါဗျ ။ နှစ်ဘက်ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး” ဟု ၎င်းကပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦး […]

မြိတ်မြို့ပေါ် ဗုံးပေါက်၊ ထိခိုက်သေဆုံးသူရှိဟု သတင်းထွက်

Dawei Watch

February 21, 2024

မြိတ်မြို့ ကမ်းနားလမ်းရှိ Seaview ကွန်ဒိုဘေးလမ်းရှိ ဘားတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညဦးက ဗုံးတစ်လုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကွန်ဒိုဘေးလမ်းရှိ Level 3 ဘားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူရှိသည်ဟု သိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လတ်တလောတွင် လေးဦးထိခိုက်ပြီး နှစ်ဦးသေဆုံးသွားသည်ဟု ကနဦးကြားသိရပြီး တိတိကျကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။ “ပထမတော့ သုံးနေရာပေါက်တယ်လို့ သတင်းထွက်တယ်။ လှမ်းမေးတော့ တစ်နေရာပဲ ကြားတယ်။ အသံက တအားကျယ်တယ်” ဟု အထက်ပါမြို့ခံက Dawei Watch ကို ပြောသည်။ ထို့အပြင် ကမ်းနားလမ်းရှိ ဘားတစ်ခုတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟုလည်း ကြားသိရကြောင်း ၎င်းက ဆိုသည်။ သတင်းအချို့တွင်မူ မြိတ်မြို့ပေါ် […]

တနင်္သာရီ မြို့ဟောင်းရွာတွင် လူငယ်တစ်ဦး မိုင်းနင်မိပြီးသေဆုံး

Dawei Watch

February 17, 2024

တနင်္သာရီမြို့နယ်၊ မြို့ဟောင်းရွာတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇နာရီခန့်က လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ သေဆုံးသူသည် တနင်္သာရီမြို့နယ်၊ ကော့မပြင်ကျေးရွာအုပ်စုမှ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ ကိုနေဇော်ဦး ဆိုသူဖြစ်ပြီး မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံ အလည်လာစဉ် လမ်းပိုင်းတွင် မိုင်းနင်းမိခြင်းကြောင်း ဒေသခံတို့က ဆိုသည်။ ၃ဝ၆ အမြောက်တပ်၏ တောင်ဘက်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “အဒေါ်ဆီ လာလည်ဖို့ တပ်အရှေ့က မဖြတ်ချင် တောင်ကုန်းဖြတ်လမ်းကလာတာ မိုင်း အနင်းခံလိုက်ရ (နင်းမိ) တယ်” ဟု မြို့ဟောင်းရွာအနီးရှိ မော်တုန်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါလူငယ်တွင် ကိုယ်လက်အင်္ဂါပြတ်ထွက်သည့် ဒဏ်ရာမရှိဘဲ မိုင်းစ ဘယ်ဘက်ခြေထောက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်သည့် ဒဏ်ရာဖြင့်သေဆုံးကြောင်း မျက်မြင်တွေ့သူများက […]

ကျွန်းစုတွင် ဆီလာတင်သည့် စက်လှေမီး‌‌လောင်ပေါက်ကွဲ​ပြီး ခြောက်ဦးဒဏ်ရာရ

Dawei Watch

February 15, 2024

ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ကဏန်းကျွန်းအရှေ့ဖက်ရှိ ရေပြင်တွင် ဖေဖော်ဝါရီ ၁၄ ရက်‌‌ နံနက် ၁၀ နာရီဝန်းကျင်က ကုန်တင်လှေ တစ်စီးပေါက်ကွဲမီးလောင်ပြီး ခြောက်ဦးဒဏ်ရာရကြောင်း ဒေသခံများကပြောသည်။ အဆိုပါစက်လှေမှာ ဆီတင်ဘောတွင် ဆီဖြည့်ပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပေါက်တော့ပေါက်ကွဲတယ်။ ဆီပုံးပေါက်ကွဲတာလား ၊ ဂက်(စ်)အိုးပေါက်ကွဲတာလားတော့ မသိရဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် လှေပေါ်လိုက်ပါလာသည့် ကျွန်းစုမြို့နယ် သဘောင်းတောင်ရွာသား ခြောက် ဦးဒဏ်ရာ ရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းအဖွဲ့များက မြိတ်ဆေးရုံသို့ အသီးသီးကူညီပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြိတ်ထောင်မှ အကျဥ်းသားအချို့ ကို ပြောင်းရွှေ့

Dawei Watch

February 14, 2024

မြိတ်မြို့ရှိ အကျဥ်းထောင်မှ အကျဥ်းသားအချို့ကို ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် ရွှေ့ပြောင်းမှုများပြုလုပ်နေကြောင်း မြိတ်မြို့ခံများထံကသိရသည်။ အကျဥ်းသူ ၅၀ ဝန်းကျင်ခန့် အပါအဝင် အကျဥ်းသားဦးရေ ၃၀၀ ခန့် ပြောင်းရွှေ့ရာတွင်ပါဝင်ကြောင်း အတည်ပြုနိုင်ပြီး နိုင်ငံရေးအကျဥ်သားများ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း မြိတ်ထောင်မှ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။ “ အကျဥ်းသားတွေကို သယ်ဆောင်သွားတာတွေ့ရတယ်။ အင်းလေးမြိုင်ဘက်ကနေ ရွှေ့ဆောင်သွားတယ်။ အင်းလေမြိုင်ဘက်ကိုရွှေ့တော့ နည်းနည်းစဥ်စားစရာရှိတယ်။ အဲဒါက မြို့ပြင်လည်းမဟုတ်ဘူး။ ရေကြောင်းနဲ့ရွှေ့ဖို့ထင်တယ်“ ဟု ၎င်းကဆက်ပြောသည်။ အကျဥ်းသားများပြောင်းရွှေ့ရန် ပြီးခဲ့သည့်လကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး ၅ နှစ်အထက် အကျဥ်းသားများကို ရွှေ့ပြောင်းရန်စီစဥ်နေကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူများထံကသိရသည်။ ရွှေ့ပြောင်းမည့်အကျဥ်းသားများကို ကော့သောင်းထောင်နှင့်မော်လမြိုင်ထောင်များသို့ ပို့ဆောင်မည်ဟု ကြားသိရကြောင်း ၎င်းတို့ကဆိုသည်။ အကျဥ်းသားများ ရွှေ့ပြောင်းနေမှုနှင့်ပတ်သက်၍ မြိတ်အကျဥ်းထောင်ဘက်ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ ယနေ့ […]

တနင်္သာရီ မော်တုန်းရွာက သက်ကြီးပိုင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

February 12, 2024

တနင်္သာရီမြို့နယ် ၊ မော်တုန်းကျေးရွာက အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီ ဆိုသူသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈နာရီဝန်းကျင်၌ မြို့ဟောင်းရွာတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဆေးကုသနေစဉ် အသက်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။ နာရေးကူညီမှုအသင်းအတွက် အလှူငွေသွားရောက်ကောက်ခံပြီး နေအိမ်ရှိရာ မော်တုန်းရွာသို့ မြို့ဟောင်းရွာမှ ပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဦးဟာဂျီ မိုင်းနင်းမိသည့် နေရာနှင့်စစ်ကောင်စီ၏ အမှတ် (၃၀၆) အမြောက်တပ်ရင်းသည် ၂ ဖာလုံခန့်ကွာဝေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါမိုင်းသည် လူနေအိမ်များ၏အနောက်ဘက်တွင် ထောင်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းနင်းမိပြီးနောက် အမှတ် (၃၀၆) အမြောက်တပ်ရင်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သော်လည်း တယ်လီဖုန်းဖြင့်သာ မိုင်းရှိသည့်နေရာများ ညွှန်ကြား၍ ကိုယ်တိုင်လာရောက် ကူညီပေးခြင်းမရှိခဲ့ကြောင်း သွားရောက်ကူညီရာတွင်ပါဝင်ခဲ့သူများကပြောပြသည်။ “မိုင်းနင်းမိတော့ မိုင်းကွင်းဖြစ်နေမှာစိုးလို့ […]