ပလတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရ
Dawei Watch
September 2, 2023မြိတ်ခရိုင်၊ ပလမြို့တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ကာ ပလမြို့ဧရိယာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာချိန် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပလမြို့ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် မြို့ဧရိယာထဲရှိ ဆားဖိုဆိပ်၊ ရွှေမော်စေတီ၊ စာသင်ကျောင်းအနောက်ဖက်လမ်းနှင့် မင်းပြင်ရွာများဖက် ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ရှစ်တန်းကျောင်းသားရဲ့ ရင်ဘတ်ကို လက်နက်ကြီးအစထိတယ်။ အခု မြိတ်ဆေးရုံကို တင်ထားပြီး စိုးရိမ်ရတယ် ပြောတယ်။ ဆားဖိုဆိပ်မှာက သုံးယောက်ထိတယ်။ တယောက်ကတော့ အနာပိုကြီးတယ်။ ကျန်တဲ့သူတွေက နည်းနည်းစီ ထိကြတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပလရဲစခန်းက […]


