စစ်ကောင်စီက ဆေးဝါးနှင့် ရိက္ခာသယ်ခွင့် ပိတ်ထားသောကြောင့် တနင်္သာရီဒေသခံများအခက်ကြုံ
Dawei Watch
March 15, 2024တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီက ဆေးဝါးနှင့်ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ပင် ထားသည့်အတွက် အခက်ကြုံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို ကုန်းလမ်းမှ ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီတပ်က စတင်ပိတ်ပင်ကန့်သတ်ခဲ့သည်။ ထိုသို့ သယ်ယူခွင့်ပိတ်လိုက်ပြီးနောက်ပိုင်း ပြန်လည်ခွင့်ပြု၊ ပြန်ပိတ်ခြင်းတို့ လုပ်ဆောင်ခဲ့သေးသော်လည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုံးဝ ကန့်သတ် ပိတ်ပင်လိုက်သည်။ စစ်ကောင်စီတပ်က ကုန်းလမ်းက ရိက္ခာသယ်ဆောင်မှုကို ကန့်သတ်ထားရာမှ ယခုနှစ် ဖေဖော်ဝါရီလတွင် ရေလမ်းကိုပါ ထပ်မံ ကန့်သတ်လာကြောင်း တကူကျေးရွာအုပ်စု သာရဘွင်ရွာသားတစ်ဦးက ပြောသည်။ “အခုက ဇဝဲလမ်းကိုလည်း ပိတ်ထားသလို မရင်းကြီးလမ်းမှာလည်း စကစက မိုင်းထောင်ပြီးပေး မဖြတ်တော့ ဘူး။ ကုန်းလမ်းတွေပိတ်လို့ ရေလမ်းကိုအသုံးပြုတာ ရေလမ်းကို ထပ်ပိတ်တယ်။ ဖုန်းလိုင်းတွေကိုလည်း […]


