ရွေးကောက်ပွဲအကြို့နေ့ ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်
Dawei Watch
December 27, 2025ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာတွင် စစ်အာဏာရှင်တပ်၊ ပျူစောထီးတို့နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ရွှေဂဲညိုကျေးရွာရှိ ပျူစောထီး၊ စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာ စစ်သားတွေရော၊ ပျူစောထီးတွေရော ရှိနေတယ်။ မဲရုံလည်း ရှိနေတယ်။ အဲဒါတွေကို လာရှင်းတာဖြစ်မယ်။ ကျွန်မတို့လည်း ဘယ်နားပြေးရမှန်း မသိဘူး။ သူတို့ပစ်နေကြတာ မျက်စိရှေ့မှာတင်။ အိမ်ထဲကပဲ နားထောင်နေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ရွှေဂဲညိုရွာပင်လယ်ပြင်သို့ စစ်သင်္ဘောသုံးစီးဖြင့် စစ်ကူများရောက်လာပြီး တော်လှန်ရေးတပ်များရှိရာနေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာတော့ ပျူစောထီးတွေရော စစ်သားတွေရော ၁၀ […]


