မြိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟုထုတ်ပြန်
Dawei Watch
January 12, 2024မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၀ ရက် ညနေ ၄ နာရီခန့်က မြိတ်မြို့ဘက်ကို တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တဂံတောင်ပုကျေးရွာနှင့် မဇောကျေးရွာအုပ်စု ခုံမော်ကျေးရွာကြားတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)က မနေ့က ထုတ်ပြန်ထားသည်။ တဂံတောင်ပုကျေးရွာနှင့် ခုံမော်ရွာ၊ ဝိုင်းတောင်ရွာများမှာ ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် လမ်းတွင်တည်ရှိပြီး မြိတ်မြို့နှင့် ဆယ်မိုင်ကျော်သာကွာဝေးသည်ဟု ကျွန်းစုပကဖတာဝန်ခံ ကိုနဂါးက ဆိုသည်။ “မိုင်းဆွဲခဲ့တာတော့ လေးလုံးပေါ့နော်၊ နှစ်ဖက်ပစ်ခတ်မှုမရှိပါဘူး။ စကစဘက်ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတော့ရှိတယ်၊ သုံးလေးလုံးလောက်ပဲ၊ ရွာရဲ့ တောတောင်တွေထဲကိုပစ်တာ” ဟု ကိုနဂါးက ဆိုသည်။ ယနေ့ နေ့လယ် ၁ နာရီတွင် တဂံတောင်ပုကျေးရွာနှင့် မဇောကျေးရွာအုပ်စုထဲမှ […]


