အာဏာသိမ်းပြီးနောက် မြိတ်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော်ဈေးတက်
Dawei Watch
June 12, 2024စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားသည်။ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ်သာ ကောက်ခံနေရာမှ ယခုနှစ်မေလတွင် တစ်ယူနစ်လျှင် ၁၂၄၅ ကျပ်အထိ မြင့်တက်သွားသည်။ မြိတ်လျှပ်စစ်ယူနစ်ဈေးမှာ လတိုင်းနီးပါး တရိပ်ရိပ်တက်လာခြင်းဖြစ်ပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၀၁၀ ကျပ် ကွာဟသွားသည်။ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Petro & Trans ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်သုံးမီးစက်များဖြင့် ထုတ်လုပ်နေသည်။ အဆိုပါကုမ္ပဏီသည် မြိတ်မြို့နယ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် အာဏာမသိမ်းမီက တင်ဒါအောင်ထားခြင်းဖြစ်သည်။ မြိတ်မြို့နယ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၄၅ ကျပ် ကျသင့်နေချိန်တွင် ရန်ကုန်မြို့အပါအဝင် မဟာဓာတ်အားလိုင်းရှိသည့် ဒေသများတွင် […]


