တနင်္သာရီ ကျေးရွာအချို့တွင် ဆန်စျေးပြန်ကျ
Dawei Watch
November 10, 2025စစ်အုပ်စု၏ ရွေးကောက်ပွဲနီးလာချိန်တွင် တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူခွင့် ပိုမိုခွင့်ပြုလာသဖြင့် ဆန်ဈေး ပြန်ကျလာကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆန်သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရာမှ နိုဝင်ဘာလဆန်းမှစတင်ကာ စျေးဝယ်ယူခွင့် စာအုပ်လုပ်ရလွယ်ကူလာပြီး အိမ်ထောာင်စုတစ်ခု တစ်ပတ်လျှင် ဆန်တစ်အိတ် ဝယ်ယူသယ်ဆောင်ခွင့်ရလာကြောင်း ကျေးလက်နေဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လများတွင် စစ်အာဏာရှင်တပ်က ကျေးရွာများသို့သယ်မည့် ဆန်များကို အိမ်ထောင်စုတစ်စုအတွက် ၁၅ ရက်လျှင် ဆန်တစ်အိတ်သာ သယ်ယူခွင့် ပြုထားသည်။ ထို့အပြင် ကုန်စုံဆိုင် ဈေးဝယ်ခွင့်လက်မှတ်ကိုင်ထားသူများလည်း ဆန်အိတ်အရေအတွက် ပိုတိုးပြီးသယ်ခွင့်ရနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် ကျေးရွာနေပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာများကို တနင်္သာရီမြို့ပေါ်တွင် သွားရောက်ဝယ်ယူလိုပါက စစ်အာဏာရှင်တပ်တွင် ဈေးဝယ်ခွင့်လက်မှတ် လုပ်ဆောင်ရသည်။ ထိုဈေးဝယ်ခွင့်လက်မှတ်က လုပ်ဆောင်ရခက်ခဲသလို ဆန်နှင့် အခြားပစ္စည်းများသယ်ဆောင်ပါက တင်းတင်း […]


