မွန်ဝန်ကြီးချုပ်နှင့် တစ်လကြာသည်အထိ အဆက်အသွယ်မရဟုဆို
diz_admin
March 11, 2021ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ်မရဘူးဟု ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရသည်။ “အဆက်အသွယ် လုံးဝကို လုပ်လို့မရတာ၊ မိသားစုဝင်တွေလည်း ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြားခဲ့ခြင်းကြောင့်နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည်ဟုလည်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် […]


