မွန်တွင် ကိုဗစ် အတည်ပြုလူနာတစ်ဦး သေဆုံး
diz_admin
June 11, 2021မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး ဇွန်လ ၁၀ ရက်နေ့ နံနက်က သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာသည် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာမှ အသက် ၆၉ နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလနောက်ပိုင်း ပထမဦးဆုံး သေဆုံးသည့် ကိုဗစ်အတည်ပြုလူနာဖြစ်သည်ဟု သိရသည်။ “ဒီလူနာ သေဆုံးမှုသည် ကိုဗစ်ကြောင့်လား သို့မဟုတ် သူ့ရဲ့ နဂိုတည်းက အခံရှိတဲ့ရောဂါကြောင့်လားဆိုတာကို သေချာ ခွဲခြမ်းစိတ်ဖြာရပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလခန့်မှစကာ ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးပေးခြင်းများ ရပ်ဆိုင်းသွားခဲ့သည့်အတွက် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုလည်း မရှိဖြစ်သွားခဲ့သည်။ နောက်ပိုင်းတွင် ပြည်ပနိုင်ငံများ၌ ကိုဗစ်တတိယလှိုင်း ကူးစက်မှုများလာသည့်အတွက် မေလဆန်းပိုင်းခန့်မှစပြီး ပြည်နယ်အတွင်း ကိုဗစ်ရောဂါ […]


