BREAKING
October 25, 2025

မွန်

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

diz_admin

September 26, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 25, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာက ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကလော့ကျေးရွာသား ရော်ဘာခြံလုပ်ကိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးနိုင်ဦးဆိုသူသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံများထံမှ သိရသည်။ ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွားလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ပြီးနောက် အလောင်းကို ရွာထိပ်တွင် ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မသင်္ကာတွေ့ရှိသဖြင့် ပစ်ခတ်မိခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်ဟုလည်း ဒေသခံအချို့၏ ပြန်လည်ပြောပြချက်အရ သိရသည်။   “ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်။ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ကလော့ရွာမှ ဒေသခံတစ်ဦးက […]

သထုံခရိုင်တွင် နေအိမ် ၁ဝလုံး ချိတ်ပိတ်ခံရ

diz_admin

September 22, 2022

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံနေအိမ် ၁၀ လုံး ယခုရက်ပိုင်းအတွင်း ဆက်တိုက်ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို စက်တင်ဘာလ ၂၀ ရက်က စစ်ကောင်စီအဖွဲ့တို့က လာရောက် ချိတ်ပိတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအိမ်မှာက လူမရှိနေဘူး။ သူတို့ မနေတာကြာနေပြီ” ဟု NLD ပါတီနှင့်နီးစပ်သည့် ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ ယင်းပြင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ်ဆိုသူ၏ နေအိမ်နှင့် ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ဆိုသူ၏ နေအိမ်တို့ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ အထက်ပါ နေအိမ်နှစ်လုံးတွင်လည်း လူမနေထိုင်တော့ဘဲ မိသားစုဝင်များ […]

လမိုင်းမြို့ နယ်ထိန်းရဲ ပစ်သတ်ခံရ

diz_admin

September 21, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နယ်ထိန်းရဲ ယနေ့ (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမိုင်းမြို့ နယ်ထိန်းရဲ ဒုရဲအုပ် အောင်ကျော်မင်း ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံအချိုက ပြောသည်။ အဆိုပါနယ်ထိန်းရဲသည် လမိုင်းမြို့နယ် မော့ကနင်းကျေးရွာတွင် ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်ခတ်ခံရတာက မော့ကနင်က ကားပြင်ဆိုင်မှာလို့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ လမိုင်းမြို့ နယ်ထိန်းရဲကို သေနတ်ဖြင့် ၁၆ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းသည် ဩဂုတ်လ ၃ ရက်နေ့က လမိုင်း ပရဟိတလူငယ် […]

ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

September 18, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ”ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။ အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာ […]

စစ်ကောင်စီနှင့် ထပ်မတွေ့ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့ ၁၀ ဖွဲ့က တောင်းဆို

diz_admin

September 16, 2022

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၁၆) တိုက်တွန်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။ တိုက်တွန်းတောင်းဆိုသည့် အဖွဲ့များမှာ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ်သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိုးသားကွန်ရက်၊ ရာမညဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော် လိုသည့် မွန်ပြည်နယ်အခြေစိုက်လူမှုအဖွဲ့အစည်း ငါးဖွဲ့တို့ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၀၈ အခြေခံဥပဒေကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အထောက်အပံ့ ပြုနိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား သွေးကွဲစေနိုင်သည်ဟုလည်း ၎င်းတို့က […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 14, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အစင်ကျေးရွာတွင် နေထိုင်သည့် ကိုဖိုးစည်ဆိုသူကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ရေးမြို့ တူးမြောင်း ကျေးရွာအနီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပစ်သတ်ခံခဲ့ရသည့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၏ သားဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ ကိုဖိုးစည်မှာ စစ်ကောင်စီ သတင်းပေးလုပ်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများအပြင် PDF များကိုလည်း စိန်ခေါ်သူဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ပြောဆိုထားသည်။ သို့သော် အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရေးမြို့နယ်အတွင်း […]

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်တွေ့လာ

diz_admin

September 14, 2022

မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက်ပြန်တွေ့လာနေကြောင်း မြို့နယ် ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၂ အထိ မွန်ပြည်နယ် အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးရှိသည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်တို့တွင် ပိုးတွေ့လူနာ တွေ့ရှိထားပြီး မော်လမြိုင်တွင် ပိုးတွေ့လူနာအများဆုံးတွေ့ရှိသည့် မြို့နယ်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာ ၁၂ ရက်နေ့က ပေါင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ငါးဦးအပါအဝင် ခုနစ်ဦး ကိုဗစ်ကူးစက်ခံ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။ “ကိုဗစ်ကူးစက်မှုက အခု ပြန်များလာနေတယ်။ မွန်မှာလည်း ပိုးတွေ့လူနာတွေ ပြန်တွေ့နေတယ်” ဟု မြို့နယ်တာဝန်ကျ […]