ကျိုက်ထိုတွင် ကြံ့ခိုင်ရေးပါတီ မရမ်းချောင်ရွာစည်းရုံးရေးမှူး ပစ်သတ်ခံရ
diz_admin
January 20, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မရမ်းချောင်ကျေးရွာ စည်းရုံးရေးမှူးဖြစ်သူ ဦးအောင်ထွေးခိုင် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးအောင်ထွေးခိုင်သည် ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၁နာရီခန့်က ပျဉ်းကတိုးကုန်း ကျေးရွာအပိုင်ရှိ ၎င်းပိုင်ဆိုင်သည့် ခြံထဲတွင်ရှိနေစဉ် သေနတ်သမားတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ဖောက်ဝင်သည့် ဒဏ်ရာဖြင့် အသက် ၅၆ နှစ်အရွယ် ဦးအောင်ထွေးခိုင်မှာ နေရာတွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပွဲချင်းပြီး သေသွားတယ်လို့ သိရတယ်။ အလောင်းကိုတော့ သူ့မိသားစုဝင်တွေ သွားသယ်ခဲ့ကြတယ်” ဟု မရမ်းချောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ ဦးအောင်ထွေးခိုင်သည် ကြံ့ခိုင်ရေးပါတီအပြင် ကျေးရွာ မီးလင်းရေးကော်မတီတွင် မီတာဖတ်ခြင်း၊ မီတာခကောက်ခံခြင်းတို့ကိုလည်း လုပ်ဆောင်နေသူဖြစ်သည်ဟု ဒေသခံတို့ထံမှ […]


