ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မုဒုံ ကန်ကြီးရေကန်တွင် သားအဖနှစ်ဦး ရေနစ်သေဆုံး

diz_admin

February 18, 2023

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်ကြီးရေကန်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီကျော်က သားအဖနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မုဒုံမြို့ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်တွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ သားအဖနှစ်ဦးသည် ကန်ကြီးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါသားအဖနှစ်ဦးကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ “ရေနစ်နေတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို ၅ နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မုဒုံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းများကို မုဒုံမြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် […]

ရေးဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ

diz_admin

February 18, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့အနီးတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ် ဆက်တိုက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိရာမှ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ မော့ကနင်းကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဆိုသူသည် မနေ့နံနက် ၉ ခွဲအချိန်ခန့်က ကြိုးတံတားချောင်းအနီးရှိ ၎င်းပိုင်ဆိုင်သည့်ခြံမှ စျေးဝယ်ထွက်လာစဥ် မြေမြှုပ်မိုင်းနင်းမိသွားခြင်းဖြစ်သည်။ “ခြံက ကြိုးတံတားချောင်းအနီးမှာ အဲဒီခြံကနေ စျေးထွက်ဝယ်ရင်းနဲ့ မိုင်းနင်းမိသွားတယ်။ ခြေထောက်တစ်ဖက်ထိသွားတယ်။ ဒီကြိုးတံတားချောင်းတဝိုက်မှာ ဒီတခါပါဆို ၄ ခါရှိသွားပြီး မိုင်း(နင်း)မိနေတာ၊ အသွားအလာတော့ သတိထားရမယ်” ဟု လမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ဦးညွန့်ဝေ၏ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ […]

ပေါင်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

diz_admin

February 15, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခေါ်) ပေါပီဆိုသူသည် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးမြင့်ရီကို ယနေ့ နံနက် ၇နာရီ ၁၅မိနစ်ခန့်က ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်း ငွေလျံလက်ဖက်ရည် ဆိုင်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။ “သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေချိန် ဝင်ပစ်သွားတယ်။ လေးချက် ထိသွားတယ်။ ပွဲချင်းပြီးပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာတစ်ချက်၊ ရင်ဘတ်ဒဏ်ရာနှစ်ချက်နှင့် ဆီးခုံဒဏ်ရာတစ်ချက် တို့ဖြင့် အခင်ဖြစ်ပွားနေရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကိုရှင်းလင်းစဉ် လက်ဖက်ရည်ဆိုင်အတွင်း အခြား ပျူစောထီး […]

သထုံတွင် လက်နက်ကြီးကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ဒဏ်ရာရ

diz_admin

February 13, 2023

သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၉) အမြှောက်တပ်ရင်းက ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲ ခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ယနေ့ ထုတ်ပြန်သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် မိကျောင်းအိုင်ရွာဘုန်းတော်ကြီးကျောင်း သိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်ရှိ ဦးသောမန၊ သက်တော် ၇၁ နှစ်ရှိ ဦးပဏ္ဍိတတို့ ထိခိုက်ဒဏ်ရာရသည့်အပြင် သိမ်အဆောက်အအုံလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ […]

ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၁၀နှစ်အရွယ် ကိုရင်ငယ်တစ်ပါးပျံလွန်

diz_admin

February 11, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုစည်းမြိုင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ကိုရင်ငယ်တစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း (၃၁၇) က ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည်များသည် ကနင်းကမော့ကျေးရွာဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းတော်ကြီးကျောင်းအရှေ့နှင့် အနောက်ဖက်ခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ ကျရောက်မှုကြောင့် ကျောင်းအရှေ့တွင် ရှိနေသည့် အသက် ၁၀ နှစ်အရွယ် ကိုရင်ငယ်တစ်ပါး ကျည်ထိမှန်ပြီး ပျံလွန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ယင်းအပြင် သက်တော် ၆၀ ကျော်ရှိ ရဟန်းတစ်ပါးလည်း လက်မောင်းနှင့် […]

မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်

diz_admin

February 11, 2023

စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် နိုင်ငံရေးပါတီ ဖျက်သိမ်းမခံရစေရန် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟု ပြဌာန်းပါရှိသည်။ ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီဖွင့်လှစ်ရမည်ဟု ပါရှိသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါပြဌာန်းချက်သည် မွန်ညီညွတ်ရေးပါတီအတွက် ပြည်ထောင်စုတစ်ဝန်းလုံး […]

ရေးမြို့နယ်တွင် ညမထွက်ရအမိန့် ထပ်ထုတ်

diz_admin

February 9, 2023

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်လိုက်သည်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်အတွင်း လူ ၅ ဦးထက် ပိုစုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတက်သောအရာများ ကိုင်ဆောင်ခြင်း မပြုရဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်ကျေးရွာများအတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ လိုက်လံကြေညာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ထုတ်ပြန်သည့်အမိန့်အား လိုက်နာမှုမရှိသူများကို အင်အားသုံးဖမ်းဆီးကာ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာထားကြောင်းလည်း ရေးဒေသခံတို့က ပြောသည်။ “ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ရဘူးဆိုပြီး လော်စပီကာနဲ့ […]

ရေးတွင် မြေမြှုပ်မိုင်းနင်းမိမှုထပ်ဖြစ်၊ အမျိုးသားတစ်ဦးဒဏ်ရာရ

diz_admin

February 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ကြိုးတံတားကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိမှု ထပ်မံဖြစ်ပွားပြီး အမျိုးသားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က မော့ကနင်ကျေးရွာသား အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လာစဉ် ကြိုးတံတားကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။ “သူက ဆိုင်ကယ်နဲ့ ညနေ ခြံကနေ ပြန်လာတာ။ လမ်းမှာ မိုင်းနင်းမိတယ်။ ခြေထောက်နှစ်ဖက်စလုံးမှာ မိုင်းစထိမှန်သွားတယ်။ ဒဏ်ရာကတော့ မပြင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသားကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ကြိုးတံတားကျေးရွာအနီးတွင် ရေပိုက်လိုက်ပြင်သည့် နိုင်ကိုးမိုင်ဆိုသူ မြေမြှုပ်မိုင်းနင်းမိပြီး […]