BREAKING
May 17, 2025

မွန်

ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အဘွားအိုတစ်ဦးသေဆုံး

diz_admin

March 6, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီအမြှောက်တပ် ၃၁၇ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်နက်ကြီးကျည်သည် အောင်သာယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဒေါ်ထို့မူးဆိုသည့် အဘွား၏ ဝမ်းဗိုက်တွင် ကျည်စထိမှန်ကြောင်း ဒေသခံတို့က ပြောသည်။ အဘွားအိုကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းမြို့ဆေးရုံ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်မြို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “အမြှောက်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးက လူနေအိမ်ပေါ်မှာ ကျကွဲတယ်။ အဲဒီမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးကတော့ […]

ရေးမြို့နယ်တွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လု၊ အမျိုးသမီးငယ်တစ်ဦးကျည်ထိမှန်

diz_admin

March 4, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ လုယက်မှုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လမိုင်းမြို့၊ သောင်ပြင်ကျေးရွာ ကျိုက်မင်ဝကမ်းခြေတွင် ယနေ့ နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခြင်းဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး လူငယ်နှစ်ဦး ဆိုင်ကယ်စီးနေစဉ် အနောက်က အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်လိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ လုယူထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ဆိုင်ကယ်အနောက်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးငယ် ဝမ်းဗိုက်ကျည်ထိမှန်သွားသဖြင့် သောင်ပြင် လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက် ကြောင်း ဒေသခံတို့က ဆိုသည်။ “အမျိုးသမီးငယ်က ဝမ်းဗိုက်မှာ သေနတ်ထိသွားတယ်။ ဒဏ်ရာက စိုးရိမ်ရတဲ့အနေအထားပါ” ဟု သောင်ပြင်ရွာခံတစ်ဦးက ပြောဆိုသည်။ လုယက်ခံရသည့် လူငယ်နှစ်ဦးသည် […]

မော်လမြိုင်တွင် နေအိမ်မီးလောင်၊ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦးသေဆုံး

diz_admin

March 1, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာရပ်ကွက်တွင် ယနေ့ မတ်လ ၁ ရက် ညနေ ၃ နာရီဝန်းကျင်က နေအိမ် မီးလောင်ကျွမ်းပြီး ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရပ်ကွက်နေသူတို့ထံမှ သိရသည်။ အေးသာယာရပ်ကွက် ဘဲကုန်းဈေးအနောက်ဘက်ရှိ နေအိမ်တစ်အိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ် လေးလုံး လောင်ကျွမ်းပျက်စီးသွားခဲ့ပြီး အသက် လေးနှစ်ခွဲအရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ “မီးစလောင်တဲ့အိမ်ဘေးက အိမ်က လေဖြတ်ထားတဲ့ အဘိုးနဲ့ ၄ နှစ်ခွဲကလေးတစ်ဦး သေဆုံးသွားခဲ့တယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။ မီးကို မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့၊ […]

ကျိုက်ထိုတွင် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

diz_admin

February 24, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၄၂နှစ်ရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့လယ် ၁၂နာရီဝန်းကျင်က တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းတွင်ရှိနေစဉ် လက်နက်ကိုင်လူလေးဦး ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောင်းအုပ်ဆရာမကြီးကို ရွာအပြင်ဘက် တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေးတစ်နေရာတွင် သေနတ်ဖြင့် ပစ်သတ်ပြီး ထားခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံတို့က ပြောသည်။ “ဆရာမကြီးရဲ့ ရုပ်အလောင်းကိုတော့ ရွာအပြင်ဘက် ကားလမ်းဘေးမှာ တွေ့ရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောဆိုသည်။ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်းကို […]

သံဖြူဇရပ်တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

diz_admin

February 23, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ (ဖေဖေါ်ဝါရီ ၂၃) နံနက် ၆ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံ အစိတ်အပိုင်း အတော်များများ  ပျက်ဆီးသွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။ “မနက်အစောကြီးဖြစ်နေတော့ လူမရှိသေးဘူး၊ လူထိသွားတာတော့မရှိဘူးပေါ့ ဒါပေမဲ့ ရုံးကတော့ တော်တော်ကို ပျက်ဆီးသွားတယ်” ဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင် ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံအချို့တို့က ပြောသည်။ အလားတူ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စျေးကြိုအဝိုင်အနီးရှိ ပြည်နယ် […]

သထုံတွင် ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

diz_admin

February 20, 2023

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် စားသောက်ကုန်များ တင်ဆောင်လာသည့် ဟိုင်းလတ်ယာဥ်တစ်စီး သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာစဥ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ကားမှာလမ်းဘေးထိုးဆင်း တိမ်းမှောက်သွားကြောင်း သိရသည်။ ပစ်ခတ်ခံရပြီး တိမ်းမှောက်သွားသည့်ကားမှ ယာဥ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းထွန်း (ခ) ဝက်ကလေးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “ကားက အပစ်ခံရပြီးတော့ လမ်းဘေးကို ထိုးကျသွားတာ ရွာသစ်ကျေးရွာအဝင်ဇရပ်ကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ယာဥ်မောင်းကတော့ […]

သံဖြူဇရပ်တွင် ကလေးသုံးဦးအပါအဝင် ရိုဟင်ဂျာ ၄၀ဦး ဖမ်းဆီးခံရ

diz_admin

February 20, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တနေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဓနိတောအစပ်တွင် ရိုဟင်ဂျာများ ရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေး သုံးဦးတို့ကို ဖမ်းဆီးရမိကြောင်း ဒေသခံတို့က ပြောသည်။ “သူတို့က စက်လှေနဲ့ ရောက်လာကြပြီးတော့ ဓနိတောမှာ နေနေတာ။ သူတို့ပြောတာက ထိုင်းကိုသွားဖို့ ရောက်လာတာလို့ ပြောတယ်။ ကလေးတွေလည်း ပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်ဘက်မှ လာကြခြင်းဖြစ်ပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဆက်သွားရန်ဖြစ်သည်ဟု သိရကြောင်း […]

မုဒုံ ကန်ကြီးရေကန်တွင် သားအဖနှစ်ဦး ရေနစ်သေဆုံး

diz_admin

February 18, 2023

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်ကြီးရေကန်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီကျော်က သားအဖနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မုဒုံမြို့ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်တွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ သားအဖနှစ်ဦးသည် ကန်ကြီးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါသားအဖနှစ်ဦးကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ “ရေနစ်နေတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို ၅ နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မုဒုံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းများကို မုဒုံမြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် […]