မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ၅၇၀၀ကျော်ဝင်ဖြေ
diz_admin
March 8, 2023မွန်ပြည်နယ်တွင် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၅၇၀၀ ကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရ သိရသည်။ ယခုတက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်း သင်ရိုးဟောင်း နောက်ဆုံးစာမေးပွဲဖြစ်ပြီး ယခင်ကျရှုံးထားသူများ မဖြေဆိုခဲ့ရသူများ ပြန်လည်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ထမ်းအချို့က ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခြင်းဖြစ်သည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၂၂၀ ဦးရှိသည်ဟုဆိုသည်။ ယင်းအနက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုပြီး ၄၅၂ ဦးမှာ ပျက်ကွက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု အဆိုပါစာရင်းများအရ သိရသည်။ ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် […]