မွန်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်းသုံးဦးသေဆုံး
diz_admin
March 25, 2023မွန်ပြည်နယ် ဘီးလင်းနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း လူသုံးဦးကို သေဆုံးခဲ့ကြောင်း သိရသည်။ မတ် ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပစ်သတ်ခံရသည့် လူငယ် ၂ ဦး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ်အကောင့်များတွင် အဆိုပါ လူငယ် ၂ ဦးသည် PDF များဖြစ်ပြီး […]