ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲတွင် သံဃာနှစ်ပါးအပါအဝင် လေးဦးထက်မနည်း သေဆုံး
Dawei Watch
June 2, 2023ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းတိုက်ပွဲတွင် သံဃာတော်နှစ်ပါးနှင့် အရပ်သားအမျိုးသားနှစ်ဦး စုစုပေါင်း လေးဦးထက်မနည်းသေဆုံးကြောင်း ၎င်းတို့က ပြောသည်။ မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဌာနဆိုင်ရာရုံးနှင့် လုံခြုံရေးတပ်ဖွဲ့များကို KNLA/ PDF ပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်နေတော့ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ ထွက်ပြေးဖို့ကလည်း မရတော့ဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကြောက်ကြောက်နဲ့ ပုန်းနေကြရတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦး ပြောဆိုသည်။ […]