ရေး နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်ပစ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး
Dawei Watch
June 26, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၅ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့်က နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက်တပ် (၃၁၇) ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား […]