မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး ပြဿနာကိုအရှိန်မြှင့် ကိုင်တွယ် သွားမည်
diz_admin
January 14, 2020မွန်ပြည်သူလူထုများအကြား အထူး သဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿနာကို အရှိန်မြှင့် ကိုင်တွယ်သွားမည်ဟု မွန် ပြည်သစ်ပါတီက ထုတ်ပြန်လိုက်သည်။ လူငယ်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်မှာ မွန် အမျိုးသားများအတွက် မွန်ဒေသအတွက် အန္တရာယ်ရှိနေပြီး အဆိုပါမူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းသွားအောင် အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် တားဆီးသွားရမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်ထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီ ညီလာခံအပြီး ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထိုကဲ့သို့ […]


