မွန်တွင် စက်သုံးဆီဆိုင်အချို့ ပိတ်ထား
Dawei Watch
March 4, 2026မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စက်သုံးဆီဝယ်ယူသူ များနေပြီး စက်သုံးဆီဆိုင်အချို့ ပိတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ် အစရှိသည့် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ယမန်နေ့ မတ်လ ၃ ရက် ညနေပိုင်းကစပြီး ပြည်သူများတန်းစီပြီး စက်သုံးဆီ ဝယ်ယူနေကြကြောင်း မြို့ခံများက ဆိုသည်။ စက်သုံးဆီ ဝယ်ယူသူများလာသည့်အတွက် ဆီဆိုင်အချို့ အကန့်သတ်ဖြင့် ရောင်းချနေကြသလို ဆိုင်အချို့ကလည်း အရောင်းအဝယ်ပိတ်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။ “မနေ့ညနေလောက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီဝယ်ဖို့ တန်းစီနေကြတယ်။ ဒီမနက်ဆိုရင်လည်း ဆိုင်တွေ မဖွင့်ခင်ကတည်းက တန်းစီစောင့်ဆိုင်းနေကြတယ်။ တချို့ ဆီဆိုင်တွေကတော့ ပိတ်ထားကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ စက်သုံးဆီများ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူသူများလာသည့်အချိန်တွင် စက်သုံးဆီစျေး အနည်းငယ်မြင့်တက် […]


