ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

ရေဖြူ ရာဖူးရွာတွင် တပ်စွဲနေသည် စစ်အာဏာရှင်တပ်ကို ရေးဘီလူးနှင့် KNLA တိုက်ခိုက်

Dawei Watch

December 29, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး အင်အားစုများက ဒီဇင်ဘာလ ၂၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရာဖူးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ခန့် တပ်စွဲထားပြီး မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာပြီး စစ်အာဏာရှင်တပ်ဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က အထိအခိုက် မရှိကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည် ။ “သတင်းအတိအကျနဲ့ အလစ်အငိုက် ဝင်တိုက်ခဲ့တာပါ” […]

ဘုရားသုံးဆူမြို့အနီး DKBA နယ်မြေကို လေယာဉ်ဖြင့် ဗုံးကြဲ၊ လူငါးဦးဒဏ်ရာရ

Dawei Watch

December 18, 2025

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) စစ်ဗျူဟာတပ်ဖွဲ့၏ မွေးမြူရေးခြံကို စစ်အာဏာရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူငါးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး DKBA မွေးမြူရေးခြံ‌နေရာကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ဗုံးကြဲသွားတဲ့နေရာက DKBA ဗိုလ်အေဝမ် နေရာဖြစ်တယ်။ အဲဒီနေရာမှာ ဗိုလ်အေဝမ်က နွားတွေ၊ ဆိတ်တွေ မွေးမြူထားတဲ့နေရာလို့ပဲ သိထားကြတယ်။ အထဲမှာ တခြား ဘာတွေရှိနေလဲတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် […]

ကျိုက်ထိုတွင် မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီး၍ဟုဆိုကာ အမည်မသိ အမျိုးသား ၄ ဦးကို အမှုဖွင့်

Dawei Watch

December 17, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီး၍ဟုဆိုကာ အမျိုးသား ၄ ဦးကို စစ်အာဏာရှင်က အမှုဖွင့်ထားကြောင်း သိရသည်။ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသားနှစ်ဦးက ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားဖြင့် ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟု စစ်အာဏာရှင်က ထုတ်ပြန်ထားသည်။ အလားတူ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား ၂ ဦးက ဖျက်ဆီးသွားခဲ့ဟုဆိုသည်။ ပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များကို ဖျက်ဆီးသွားသည့် အမျိုးသား ၄ ဦးကို စစ်အာဏာရှင်က ကျိုက်ထိုမြို့မရဲစခန်းတွင် ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၄(ခ) […]

ဘားအံဒေသခံတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

Dawei Watch

December 17, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ဒေသခံတစ်ဦးသည် ဒီဇင်ဘာလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ခြောက်သန်း ကံထူးကြောင်း ထီရောင်းချသည့် ကိုယ်စားလှယ်ထံမှ သိရသည်။ အဆိုပါ ဘားအံဒေသခံသည် ထိုင်းထီ ပထမဆု ၇၆၃၈၉၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ကံထူးခြင်းဖြစ်သည်။ “အမဆီကနေ ထိုင်းထီထိုးတဲ့သူတွေထဲ ဘတ် ၆ သန်းပေါက်တာ နှစ်ကြိမ်ရှိပါပြီ” ဟု ထီကိုယ်စားလှယ်က ပြောသည်။ ထီပေါက်သော မြန်မာနိုင်ငံသားသည် ဘားအံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံက ဘတ် ခြောက်သန်း၊ အခြား အလုပ်သမားတစ်ဦးက ဘတ် ၁၂ […]

မွန်ပြည်သစ်(AD)မှ ဗိုလ်မှူးမိုးကြိုး ကားတိုက်ခံရ၍ ကွယ်လွန်

Dawei Watch

December 17, 2025

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) ၏ ရာမညမွန်တပ်တော်(RMA) မှ အရာရှိ တစ်ဦး ဖြစ်သည့် ဗိုလ်မှူး မိုးကြိုး ကားတိုက်ခံရ၍ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည် ။ ရေး-ထားဝယ် ကားလမ်းမ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာတစ်ရွာတွင် တာဝန်ဖြင့် ရောက်ရှိနေစဥ် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည် ။ ” ကားလမ်းမဘေးရှိနေချိန် အနောက်ကနေဝင်တိုက်ခံရတယ်။ ဖြစ်ပြီးတာနဲ့ သိပ်မကြာဘူး သေသွားတယ်။ စျာပန ကတော့ မနေ့(ဒီဇင်ဘာလ ၁၆ ရက်) က လုပ်ပြီးသွားပြီ ” ဟု မွန်ပြည်သစ်(AD) ၏ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။ ယာဥ်တိုက်မှု ဖြစ်သည့်ကားမှာ အဆိုပါလမ်းပိုင်းတွင် အသားငါးရောင်းနေသည့် […]

ဘီးလင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဒေသခံလူငယ် ငါးဦးကို ဖမ်းဆီး

Dawei Watch

December 16, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် ဒေသခံလူငယ်အမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်ရှိ ဖိုးဝသိမ်၊ အလူးကြီးနှင့် အလူးလေးကျေးရွာဘက်ကို စစ်အာဏာရှင်တပ် အင်အား နှစ်ရာကျော်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဖိုးဝသိမ်ရွာသားသုံးဦး၊ အလူးကြီးရွာသား နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းတို့က ပြောဆိုသည်။ “စစ်ကြောင်းက အင်အားများတယ်။ သူတို့ ဝင်လာတဲ့အချိန်မှာ တွေ့တဲ့လူကို ဖမ်းတာ။ တချို့ မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တာလည်း ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းဆီးသွားသည့် ရွာသားများသည် အသက် […]

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်

Dawei Watch

December 8, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့တို့ထံမှ သိရသည်။ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကိုရေးဘီလူးအဖွဲ့က ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လင်းဦး ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက အုပ်ချုပ်ရေးမှူးရုံးမှာပဲ ရုံးထိုင်နေကြတာလေ။ အဲဒါကို ရေးဘီလူးအဖွဲ့က ဝင်ပစ်တာ။ သေတာ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိဘူး။ နောက်ပြီး လင်းဦးလည်း ထိထားတယ်” ဟု အာယုတောင် ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အာယုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး […]

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အရပ်သားသုံးဦး ဒဏ်ရာရ

Dawei Watch

December 3, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယမန်‌နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းရွာကျေးရွာအခြေစိုက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးတစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တိုက်ပွဲက ၅၉၁ ဘက်မှာ ဖြစ်တာ။ အဲဒီဘက်မှာ ပစ်ခတ်ကြပြီးတော့ ရွာဘက်ကို […]