ရေဖြူ ရာဖူးရွာတွင် တပ်စွဲနေသည် စစ်အာဏာရှင်တပ်ကို ရေးဘီလူးနှင့် KNLA တိုက်ခိုက်
Dawei Watch
December 29, 2025ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး အင်အားစုများက ဒီဇင်ဘာလ ၂၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရာဖူးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ခန့် တပ်စွဲထားပြီး မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာပြီး စစ်အာဏာရှင်တပ်ဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က အထိအခိုက် မရှိကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည် ။ “သတင်းအတိအကျနဲ့ အလစ်အငိုက် ဝင်တိုက်ခဲ့တာပါ” […]


