တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
June 24, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပိတ်ဆို့အရေးယူ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင် အကြီးဆုံးဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ရက်မှာ ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် အခရာကျတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူထားတာပါ။ ဒီဘဏ်တွေဟာ နိုင်ငံခြားဘဏ်စာရင်းတွေကို အသုံးပြုပြီး အခွန်ဘဏ္ဍာငွေရှာဖွေပေးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာဈေးကွက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်စေခဲ့သလို စစ်ရေးကိစ္စရပ်တွေအတွက် ငွေကြေးအရင်းအမြစ် […]


