တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
June 22, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ကန့်ကွက်ခံရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်တဲ့ ‘အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ’ဟာ ဒီမိုကရေစီစံနှုန်းတွေ၊လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကွဲလွဲနေတယ်ဆိုပြီး ကန့်ကွက်ခံရပါတယ်။ ဇွန်လ ၁၃ရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ CDM တွေကို ဂုဏ်ပြုချီးမြှင့်ဖို့၊ ပြန်လည်ကုစားပေးဖို့၊ အမှန်တရားနဲ့ တရား မျှတမှုရှာဖွေပေးဖို့ ရည်ရွယ်တယ်လို့ဆိုပြီး တခြားတစ်ဖက်မှာလည်း Non-CDMတွေကို အရေးယူမယ်လို့ပြဋ္ဌာန်းထားပါတယ်။ CDMတွေကို ဂုဏ်ပြုမယ်ဆိုတဲ့အပေါ်ထောက်ခံကြပေမယ့် Non-CDM တွေကို အရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုတော့ ဝေဖန်ကြပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကိုအကြမ်းဖက်ရာမှာပါဝင်သူတွေကို ကျူးလွန်တဲ့ ပြစ်မှုအလိုက် အရေးယူရမှာဖြစ်ပေမယ့် CDM မလုပ်သူတိုင်းကို အရေးယူမယ်လို့ သိမ်းကျုံးပြဋ္ဌာန်းလိုက်တဲ့အပေါ် […]


