တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
August 9, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ စစ်အာဏာရှင်တပ်ရဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရာမှာ စစ်ခေါင်းဆောင်ကို အာဏာလွှဲပေးပြီး ယာယီသမ္မတရာထူးနဲ့ ဆက်လက်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ဩဂုတ်လ ၇ ရက်မှာ ကွယ်လွန်ပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လူယုံတော်ဖြစ်တဲ့ ဦးမြင့်ဆွေဟာ အာရုံကြောတွေ နွေးကွေးတုံ့ဆိုင်းတဲ့ရောဂါကို တစ်နှစ်ကျော် ခံစားရပြီးနောက် အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်တာပါ။ စစ်ကော်မရှင်ကတော့ ဩဂုတ်လ ၇ရက်ကနေ ၉ရက်အထိကို နိုင်ငံအလံ ထက်ဝက်လွှင့်ထူကာ ဝမ်းကြောင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားပြီး ဩဂုတ်လ ၁၁ရက်မှာ ပြုလုပ်မယ့် ဈာပနကိုလည်း နိုင်ငံတော်အဆင့်လုပ်မယ်လို့ ကြေညာထားပါတယ်။ […]


