ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေး နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ထံ တောင်းဆိုမည်
diz_admin
May 25, 2020ကော့သောင်းခရိုင် ပင်လယ်ရေပြင်အတွင်း ပိတ်ထားသည့်ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေးအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း ကော့သောင်းရေလုပ်သားများထံမှ သိရသည်။ ကော့သောင်းရေပြင်ကို မြောက်လတ္တီတွဒ်၁၀ဒီဂရီနှင့် ၁၁ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀မှ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့်ပိတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ၁၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ကော့သောင်းပုလုံးတုံတုံးကမ်းခြေအနီး အပြင်ဘက်မိုင်၆၀ခန့်၊ ၎င်းမှ မြောက်ဘက်ကော့ရဲကြီးကျွန်း၏အပြင်ဘက် မိုင်၆၀ခန့်အတွင်း ကမ်းဝေးလှေများကိုငါးဖမ်းခွင့် ရက်အကန့်အသတ်မဲ့ ငါးဖမ်းခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။ ပိတ်လိုက်သည့်ဧရိယာမှာအတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီးစသည့် ကမ်းဝေးလှေတို့ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များပါဝင်သည်။ ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်ကြီးလေးကွက် ဖြစ်သည်။ ယင်းငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရန် ရေလုပ်သားများနှင့် လှေပိုင်ရှင်များကလက်မှတ်ရေးထိုးကာ […]


