ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကိုဗစ်စောင့်ကြည့်စခန်းများ လူပြည့်၊ ထိုင်းပြန်များ ရနောင်းတွင် သောင်တင်

diz_admin

June 15, 2020

ကော့သောင်း၊ မြိတ်၊ ထားဝယ်ရှိ ကိုရိုနာရောဂါပိုးစောင့်ကြည့်ရေးစခန်းများတွင် လူပြည့်နေပြီဖြစ်သောကြောင့် ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်မခံနိုင်ဘဲဖြစ်နေကြောင်း ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ လက်ရှိတွင် ကော့သောင်း၌ ထိုင်းပြန်ဦးရေ ၂၀ဝ ကျော်ကို စောင့်ကြည့်နေပြီး ဇွန် ၂၃ ရက်နေ့ဝန်းကျင်တွင် ၎င်းတို့၏ သတ်မှတ်ရက်များပြည့်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ ၎င်းတို့ စောင့်ကြည့်သတ်မှတ်ရက်ပြည့်ပြီးမှ ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်မည့် မြန်မာရွှေပြောင်းအလုပ်သမားများကို ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ “အဓိကကတော့ ပညာရေးကျောင်းတွေမှာ အသုံးပြုလို့ မရတော့လို့ပါ။ လောလောဆယ်ကတော့ လက်မခံနိုင်သေးဘူး။ နောက်တစ်ပတ်ကျော်လောက်ဆိုရင်တော့ လက်ခံလို့ရပြီ” ဟု ဦးဇော်လင်းထွန်းက ပြောသည်။ ကော့သောင်းရောက်မြန်မာများကို ပုလုံးတုံတုံး သဘာဝဘေးခိုလှုံအဆောက်အအုံ၊ လေးမိုင် ပြန်လည်ထူထောင်ရေးစခန်း၊ နဝရတ်အားကစားရုံ၊ ရွှေမင်းဝံကြက်တောင်ရုံ၊ သံဃာတော်များအတွက် မိုးကုတ်ဝိပဿနာတို့တွင် စောင့်ကြည့်ရေးစခန်းဖွင့်ကာ စောင့်ကြည့်နေခြင်း […]

ကုမ္ပဏီ ခြောက်ခုဝင်ပြိုင်သည့် ကော့သောင်းလျှပ်စစ် တင်ဒါဖွင့်

diz_admin

June 8, 2020

ကုမ္ပဏီခြောက်ခု ဝင်ပြိုင်ထားသည့် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပ အခြေစိုက်ကုမ္ပဏီများက ဝင်ပြိုင်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ တင်ဒါဖွင့်ဖောက်ပြီး ရွေးချယ်ရာတွင် ကုမ္ပဏီ၏ နောက်ခံ (Profile)၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ တင်ဒါဖွင့်ဖောက် စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက် မစစ်ဆေးတော့ကြောင်း ၎င်းက ပြောသည်။ တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာစစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။ ဝင်ပြိုင်သည့် ကုမ္ပဏီတစ်ခုချင်းအလိုက် တစ်ယူနစ် […]

ဆန္ဒထုတ်ဖော်သူများကို ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက စွဲဆိုထားသည်အမှု စစစ်

diz_admin

June 8, 2020

မုဒိန်းမှုကျူးလွန်ရန် အားထုတ်ခဲ့သူကို ကာကွယ်ပေးသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်သူ ၈ ဦးအား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှု ပထမဆုံး ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် တွင် စစ်ဆေးခဲ့ကြောင်း ယင်းအမှု တရားလို၊ တရားပြိုင်တို့ထံမှ သိရသည်။ အဆိုပါအမှုသည် ညအချိန်မတော် ခုနစ်တန်းကျောင်းသူအရွယ်နှင့် အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တို့ အိပ်နေသည့်နေအိမ်ပေါ်သို့ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးဖြစ်သူက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နှစ်ကြိမ်တိုင်တိုင် တက်ရောက်လာပြီး မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု ယူဆရသည့် ကိစ္စနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးကို တိုင်ကြားသော်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ ဆန္ဒပြရာမှ ဖြစ်လာသည့်အမှု ဖြစ်သည်။ အဆိုပါ မိန်းကလေးငယ်နှစ်ဦး၏ မိခင်တို့က ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား သွားရောက်တိုင်တန်းခဲ့သော်လည်း […]

ကော့သောင်းမြို့ပြစီမံကိန်း လွှတ်တော်အတည်ပြု

diz_admin

June 8, 2020

တနင်္သာရီတိုင်း၏ ခုနှစ်ခုမြောက် မြို့ပြစီမံကိန်းဖြစ်သော ကော့သောင်းမြို့ပြစီမံကိန်းကို မေလ ၂၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေတွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။ ကော့သောင်းမြို့ပြစီမံကိန်းကို ရော်ဘာ၊ ဆီအုန်း၊ ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ဆိပ်ကမ်းမြို့ စသည့် စီးပွားရေးမျှော်မှန်းချက်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း လွှတ်တော်သို့တိုင်းအစိုးရက တင်သွင်းသော အစီရင်ခံစာတွင် ဆိုထားသည်။ ယင်းမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ အုပ်ချုပ်ရေးအားကောင်းသော မြို့တစ်မြို့ဖြစ်ရန်လိုကြောင်းနှင့် လူဦးရေးတိုးနှုန်းအရ အိမ်ယာစီမံကိန်း၊ မြို့တိုးချဲ့နေရာများကိုပါ ထည့်သွင်းရေးဆွဲထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ တိုးချဲ့မြို့ပြနေရာအတွက် ပုလုံးတုံတုံးကျွန်းပေါ်သွား လမ်းတစ်နေရာဖြစ်သော ရေငန်ဝင်သဖြင့် စိုက်ပျိုးမရသော လယ်မြေတစ်နေရာ၊ နောက်ထပ်နေရာတစ်ခုမှာ ပုလုံးတုံတုံး ကျွန်းပေါ်ရှိ စိုက်ပျိုးမရသော ရေငန်ဝင် လယ်မြေတစ်ရာတို့ကို သတ်မှတ်ထားသည်။ သုံးမိုင်နှင့် တစ်မိုင် သဲတန်းကြားနေရာ၊ ရွှေပြည်သာရပ်ကွက်ရှိ လက်ရှိအမှိုက်စွန့်ပစ်နေသည့်နေရာတို့ကို ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာ […]

ကျူစခန်းမှ ထွက်ပြေးသူ ၅ ဦးကို အရေးယူမည်

diz_admin

June 1, 2020

ကော့သောင်းမြို့ အထက၂ စောင့်ကြည့်စခန်းမှ ထွက်ပြေးသွားသူ ၅ ဦးကို ပြန်ဖမ်းမိပြီဖြစ်ပြီး ၎င်းတို့အား ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ မန်အောင်မြို့နယ်မှ ၃ ဦး၊ မြိတ်မှ ၁ ဦး၊ ရန်ကုန်မြို့ အင်းစိန် ပေါက်တောမှတစ်ဦး ဖြစ်သည်။ ထိုငါးဦးသည် ပြီးခဲ့သည့်ရနောင်းအချုပ်ထောင်မှ ပြည်တော်ပြန်အဖြစ် ပြန်လာသူ ၁၈၀ ဦးတွင် ပါဝင်သည်။ မေလ ၅ ရက်နေ့တွင် ၎င်းပြည်တော်ပြန်အလုပ်သမားလက်ခံရရှိပြီး ၎င်းတို့၏ နေရပ်သို့ ပြန်မပို့မီ ရောဂါစောင့်ကြည့်ရေးစခန်းတွင် ခေတ္တထိန်းသိမ်းထားစဉ် ညဘက်၌ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ထွက်ပြေးသူ ၅ ဦးစလုံးကို၂ရက်အတွင်း ပြန်တွေ့ခဲ့ပြီး ပုလုံးတုံတုံး ရောဂါစောင့်ကြည့်ရေးစခန်းတွင် ထိန်းသိမ်းစောင့်ကြည့်ထားကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။ “သူတို့ကို နှစ်ရက်အတွင်းမှာ ပြန်ဖမ်းမိပါတယ်။ […]

NLD ပါတီဆိုင်းဘုတ်နှင့် အလံဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

diz_admin

June 1, 2020

ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကိုဖျက်ဆီးသည့် အမျိုးသားကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စုတွင် မေလ၂၆ ရက်ညက အသက် ၃၇ နှစ်အရွယ်အမျိုးသားက အရက်မူးပြီး ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကို ဖျက်ဆီးခဲ့သည်ဆိုသည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၂၉၄ (ညစ်ညမ်းသောပြုလုပ်မှု)/ ၄၂၇ (အကျိုးဖျက်ဆီး မှု) / ၅၀၆ (ရာဇဝတ်မကင်းသောခြောက်လှန့်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ရာဇသတ်ကြီးပုဒ်မ-၂၉၄ ကို ဖောက်ဖျက်က ၃ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ- ၄၂၇ ကို ဖောက်ဖျက်ပါက ၂ နှစ်အထိ […]

ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေး ပြန်နိုင်

diz_admin

June 1, 2020

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှအိမ်ပြန်လိုသော မြန်မာများအနေဖြင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင်စာရင်းပေးကာ အိမ်ပြန်နိုင်မည် ဖြစ်သည်။ ရနောင်းသံရုံးနှင့် အလှမ်းဝေးကွာသူများအနေဖြင့် မိမိနေထိုင်ရာဒေသရှိ အလုပ်သမားအရေးကူအညီပေးသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍လည်းကောင်း၊ Myanmar Labour Attaché Office – ThailandFacebook စာမျက်နှာသို့အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။ ပေးပို့ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်/မှတ်ပုံတင်အမှတ်၊ ထိုင်းတွင်လုပ်ကိုင်သည့် အလုပ်အမျိုးအစား၊ အလုပ်သမားအမျိုးအစား (MOU၊ CI၊ PJ၊ PV၊ Boder Pass၊ အထောက်အထားမဲ့)၊ ထိုင်းတွင် နေထိုင်သည့်လိပ်စာ၊ အလုပ်ရှင်အမည်၊ မြန်မာပြည်တွင် နေထိုင်သည့်လိပ်စာ၊ […]

အသက်ငါးဆယ်ကျော် အမျိုးသမီးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ

diz_admin

May 25, 2020

ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရှာစဉ် အသက် ၅၃ နှစ်ရှိ အဆိုပါအိမ်ရှင်အမျိုးသမီးနှင့်အတူ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအိမ်အားရှာဖွေရာ WY စိတ်ကြွဆေး ၃၁၇၂ ပြားနှင့် ဆေးရှူကိရိယာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် အိမ်ရှင်အမျိုးသမီးအားစစ်ဆေးရာ မူးယစ်ဆေးများကို အထက်ပါ အမျိုးသားက ယူလာသည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို ဆက်လက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးရာ မူးယစ်ဆေးများကို အမည်မသိအမျိုးသားတစ်ဦးထံမှ […]