ကိုဗစ်ကန့်သတ်ချက်ဖောက် ယာဉ်မောင်းကို အရေးယူ
diz_admin
June 22, 2020ကိုဗစ်ကာလတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရမည်ဟု အစိုးရ၏ကန့်သတ်ချက်ကို ရှောင်ကွင်းသည့် ယာဉ်မောင်းတစ်ဦးကို အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ငွေရတနာယာဉ်လိုင်းမှ ခရီးသည်တင်ကားသည် ဇွန်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှ ဘုတ်ပြင်းမြို့သို့ ခရီးသည် ငါးဆယ်ရာခိုင်နှုန်းကျော်ကာ တင်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့တင်ဆောင်ပြီး ဘုတ်ပြင်းမြို့ရှိ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန်အတွက် ဘုတ်ပြင်းမြို့မှ ယာဉ်တစ်စီးကို အကူအညီတောင်းကာ ပိုတင်လာသော ခရီးသည်များကို ကဲ့ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ခရီးသည်များကို သွားကဲ့ယူပြီးတင်ဆောင်လာစဉ် မီးသတ်ဌာနရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ်ဖမ်းမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ကိုဗစ်ကာလအတွင်း တိုင်းကိုဗစ်ကော်မတီက ထုတ်ပြန်ထားသည့်အမိန့်ကို ဖောက်ဖျက်သည့်အတွက် ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ဘုတ်ပြင်းမြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ […]


