ကော့သောင်း-ရနောင်း ရေပြင် လုံခြုံရေးတိုးမြှင့်
diz_admin
January 13, 2021တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ရေပြင်လုံခြုံရေး တိုးမြှင့်ခြင်းကို ထိုင်းဘက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ကြောင်း မြိတ်- ပရာကျွတ် မောင်နှမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ဦးအောင်ကြည်မြင့်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ် ဂိတ်တို့အကြား မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများမှာ တရား မဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက် လာနိုင်သည့်အတွက် ရေပြင်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရာတွင် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ) စစ်တိုင်းအမှတ် ၃ သည် ရနောင်း- ကော့သောင်းနယ်စပ်ရေပြင်လုံခြုံရေးကို Navy SEALs အထူးတပ်ဖွဲ့များ အားဖြည့်ပြီး တင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ဆိုသည်။ အဆိုပါ […]


